www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

ကြိုးကြာငှက်များ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်ကြားရှိ အင်းအိုင် လယ်ကွင်းများတွင် ကျက်စား

ကြိုးကြာငှက်များ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်ကြားရှိ အင်းအိုင် လယ်ကွင်းများတွင် ကျက်စား
-
မင်းပြား  ဇန်နဝါရီ  ၇ 
-
ကမ္ဘာပေါ်တွင် အကောင်အရေအတွက် နည်းပါးလာနေပြီဖြစ်သည့် ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင် ကြိုးကြာငှက်များမှာ ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်ကြားရှိ အင်းအိုင်၊လယ်ကွင်းများတွင် ကျက်စားနေ သည်ကို များပြားစွာ တွေ့ရှိနေရကြောင်း ဒေသခံများထံမှ သိရသည်။ 
-
အဆိုပါကြိုးကြာငှက်များမှာ ကမ္ဘာပေါ်တွင်    အချိန်မီ ထိန်းသိမ်းကာကွယ်ခြင်း မပြုပါက မျိုးသုဉ်းပျောက်ကွယ် သွားနိုင်သည့် မျိုးစိတ်စာရင်းထဲတွင် ပါဝင်နေသဖြင့် ဒေသခံများက ကာကွယ်စောင့်ရှောက်ထားကြောင်း သိရသည်။ ''ဌာနက ဂရုတစိုက် ထိန်းသိမ်းတာမျိုး မဟုတ်ပါဘူး။ သဘာဝအတိုင်းပါ။ မင်းပြားမြို့နဲ့ ပေါက်တောမြို့ကြားမှာ ကြိုးကြာတော်တော်လေးရှိတယ်။ ဌာနကတော့ မသတ်ဖြတ်ကြဖို့ တားမြစ်ထားတယ်။ ပြီးတော့ သက်ကြီးထဲမှာပါတော့ ကြိုးကြာကို မသတ်ဝံ့ကြပါဘူး။ စွန်ရဲ၊ ကြောင်လည်ချောင်းကနေ ခုဆို သိန်းတောင် (ကျေးရွာ)နားအထိ ရောက်တယ်။ အဲဒီငှက်ကို သတ်ရင် လူတွေက ဒုက္ခရောက်မယ်ဆိုပြီး မသတ်ရဲကြတာမို့ ကျန်တာပါ''ဟု  မင်းပြားမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
-
အဆိုပါ  ကြိုးကြာငှက်များသည် မင်းပြားမြို့နယ်ရှိ စွန်ရဲကျေးရွာနှင့် ပေါက်တောမြို့နယ်ရှိ လက်မယာကျေးရွာတို့ အနီးရှိ လယ်ကွင်းပြင်များ၊ ပုစွန်တာများနှင့်မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင်သဘာဝအတိုင်း နေထိုင်လေ့ရှိကြပြီး ဒေသခံများက အန္တရာယ်တစ်စုံတစ်ရာ မပြုလုပ်ဘဲ ကောင်းမွန်စွာ  ထိန်းသိမ်းထားကြောင်း  သိရသည်။ 
-
ကြိုးကြာငှက်များ၏ သက်တမ်းမှာ ခန့်မှန်း ၂၂ နှစ်မှ ၂၄ နှစ်အတွင်း ရှိပြီး အရပ်အမြင့် ၅ ပေနှင့် အထီးတစ်ကောင်၏ ကိုယ်ခန္ဓာအလေးချိန်မှာ ၁၇ ပေါင်ခန့်ရှိကာ ကြိုးကြာငှက် အမများသည် ပုံမှန်အားဖြင့် ဧပြီလနှင့် မေလတို့တွင် ဥတစ်လုံး၊ နှစ်လုံးခန့် ဥကာ  သားပေါက်တတ်ကြကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger