www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်း သင်တန်း ဖွင့်လှစ်

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်း သင်တန်း ဖွင့်လှစ်
-
ဝါးခယ်မ  ဇန်နဝါရီ  ၇ 
-
ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် လမ်းသမိုင်ရွာလေး ကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု   ဆပ်ပြာပြုလုပ်နည်း သင်တန်းဖွင့်ပွဲကျင်းပသည်။ 
-
သင်တန်းတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးကျော်မျိုးအောင်က တစ်နိုင်တစ်ပိုင် လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအလိုက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကို လည်းကောင်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဒုတိယဦးစီးမှူး ဦးကျော်မျိုးသူက သင်တန်းဖွင့်လှစ် သင်ကြားပေး မည့် လုပ်ငန်းများကိုလည်းကောင်း   ရှင်းလင်းပြောကြားသည်။ 
-
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျက်ရှိသည်။ အဆိုပါ ဆပ်ပြာပြုလုပ်နည်း သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၄ဝ ဦးအား ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ စာတွေ့ လက်တွေ့သင်ကြားပို့ချလျက် ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger