www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

ခြောက်စင်းမြောက် ချင်းတွင်းမြစ်ကူး တံတား (ဟုမ္မလင်း) ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်မည်

ခြောက်စင်းမြောက် ချင်းတွင်းမြစ်ကူး တံတား (ဟုမ္မလင်း) ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်မည်
-
ဟုမ္မလင်း  ဇန်နဝါရီ  ၁ဝ 
-
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းသို့ ဖြတ်သန်း စီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ခြောက်စင်းမြောက် ချင်းတွင်းမြစ်ကူး တံတား (ဟုမ္မလင်း)ကို ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါတံတားကို တာဝန်ယူ တည်ဆောက်ခဲ့သော တံတားအထူးအဖွဲ့(၂)မှ အင်ဂျင်နီယာမှူး  ဦးဇေယျာစိုးထံမှ သိရသည်။ 
-
ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)သည် ဟုမ္မလင်းမြို့နယ် တမူး-အောင်ဇေယျ-ကက်သာ-ဟုမ္မလင်း လမ်းမပေါ်တွင် တည်ရှိပြီး ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ကက်သာကျေးရွာတို့နှင့် ဆက်သွယ်ထားသည့် အလျား ၁၇၆၂ ဒသမ ၆ ပေ၊ အကျယ် ၂၈ ပေရှိသည်။ တံတား တစ်ဖက်လျှင် ၃ ပေအကျယ်ရှိ လူသွားလမ်းနှစ်လမ်းပါရှိသည့် သံကူကွန်ကရစ်ဘိုးပိုင်အုတ်မြစ်၊ သံမဏိသံပေါင်တံတား အမျိုးအစားဖြစ်ပြီး ငွေကျပ်၂၃၃၁၃ ဒသမ ၈ သန်း အကုန်အကျခံကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားအထူးအဖွဲ့(၂)မှ တာဝန်ယူ၍၂ဝ၁၆ ခုနှစ် သြဂုတ်၂၁ ရက်တွင် စတင် တည်ဆောက်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းများမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင်  ရာနှုန်းပြည့်ပြီးစီးခဲ့ခြင်း ဖြစ်သည်။ 
-
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)အား  တည်ဆောက်နိုင်ခဲ့သဖြင့် ချင်းတွင်း အောက်ပိုင်း ဒေသများ ဟုမ္မလင်းမြို့နယ်မှတစ်ဆင့် ချင်းတွင်း အနောက်ခြမ်းရှိ အိန္ဒိယနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်မြို့ဖြစ်သော တမူးမြို့နှင့် ကုန်စည်များ လျင်မြန်စွာ  စီးဆင်းနိုင်တော့မည် ဖြစ်ပြီး ပြည်သူများ ခရီးသွားလာမှု ပိုမိုမြန်ဆန်သွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger