www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

လူကုန်ကူးမှု ဆိုင်ရာ ၂ဝ၁၈ ခုနှစ်အစီရင်ခံစာပါ အကြံပြု တိုက်တွန်းချက် (၁ဝ)ချက်အပေါ် ညှိနှိုင်းစည်းဝေး

လူကုန်ကူးမှု ဆိုင်ရာ ၂ဝ၁၈ ခုနှစ်အစီရင်ခံစာပါ အကြံပြု တိုက်တွန်းချက် (၁ဝ)ချက်အပေါ် ညှိနှိုင်းစည်းဝေး
-
နေပြည်တော်  ဇန်နဝါရီ  ၇
-
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ လူကုန်ကူးမှုဆိုင်ရာ ၂ဝ၁၈ ခုနှစ် အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက် (၁ဝ)ချက်အပေါ် ညှိနှိုင်းအစည်း အဝေးကို ယနေ့  မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့် ပြန်လည်နေ ရာ ချထားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌  ကျင်းပသည်။
-
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံ အနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို  ကြိုးပမ်းအားထုတ် ဆောင်ရွက် နေကြောင်း၊  အမေရိကန်နိုင်ငံ၏ အစီရင်ခံစာပါအကြံပြု တိုက်တွန်းချက်အရTier အဆင့်သတ်မှတ်ချက် အမျိုးမျိုးဖြင့်မြန်မာနိုင်ငံသည်ရပ်တည်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည်  ၎င်းတို့၏ ၂ဝဝဝ  ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပါစံနှုန်းများနှင့် နိုင်ငံများအား ကိုက်ညီမှု ရှိ၊ မရှိ တိုင်းတာ၍ နှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန်ပြီး အဆင့်များ သတ်မှတ်ကာ အကြံပြုချက်များကို နှစ်စဉ်ထုတ်ပြန် ကြေညာလေ့ရှိကြောင်း။
-
မိမိတို့ ဝန်ကြီးဌာနသည် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်သော လူငယ်များ၏ အလုပ်အကိုင် အခွင့် အလမ်း ဖော်ဆောင်ပေးရန်မှာ အရေးကြီးကြောင်း၊ လူကုန်ကူးခြင်းသည် လူမှုကာကွယ်စောင့်ရှောက် မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့နှင့်လည်း   ဆက်စပ်နေကြောင်း၊ တိုက်ပွဲရှောင် စခန်းများနှင့် အခြား ဘေးရှောင် စခန်းများမှပြည်သူများမှာ လူကုန်ကူးခံရနိုင်သည့် ဖြစ်နိုင်ခြေ အခြေအနေများ တွေ့ရှိရသောကြောင့် ၎င်းတို့ အတွက် အသက် မွေးဝမ်းကျောင်းပညာနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန် လိုအပ်ကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများသည် မိမိတို့ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊   ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်မှသာထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
-
ထို့နောက် အစည်းအဝေး တက်ရောက် လာကြသူများက မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို သက် ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ထုတ်ပြန် ဖော်ပြနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကိုအကောင် အထည်ဖော် ဆောင် ရွက် သွားရန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger