www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

ကိုယ်လက်လှုပ်ရှား အားကစားသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) ဖွင့်လှစ်သင်ကြား

ကိုယ်လက်လှုပ်ရှား အားကစားသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) ဖွင့်လှစ်သင်ကြား
-
နေပြည်တော်  ဇန်နဝါရီ  ၇ 
-
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်လက် လှုပ်ရှားအားကစား သင်တန်း  အမှတ်စဉ် (၁/၂ဝ၁၉)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၉ နာရီခွဲတွင်  နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသည်။ ''အခုဖွင့်လှစ်တဲ့ သင်တန်းဟာ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တ Healthy Myanmar  Seminar က ထွက်ပေါ်လာတဲ့ Outcome တွေကို  အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ် ဖွင့်လှစ်တဲ့ ကိုယ်လက် လှုပ်ရှား အားကစားသင်တန်း အမှတ်စဉ် (၁/၂ဝ၁၉) ဖြစ်ပါတယ်။ 
-
၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ  ၃ဝ ရက်အထိ  ကိုယ်လက်လှုပ်ရှား အားကစားသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)ကို နေပြည်တော်ဝန်ကြီးဌာန အသီးသီးမှာရှိတဲ့ ဝန်ထမ်း ၁၈၉  ဦးတို့ကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။   အခုဆိုရင် ဝန်ကြီးဌာန အသီးသီးမှာ Physical Fitness Dance/ Exercise  လေ့ကျင့်ခန်းတွေကို  လှုပ်ရှား ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးမျိုးလှိုင် ကပြောသည်။ 
-
အဆိုပါသင်တန်းကို ဇန်နဝါရီ ၇ ရက်မှ ၁၈ ရက်အထိ ပညာရေး ဝန်ကြီးဌာနမှ ကာယဆရာ၊ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားမှူးများနှင့် နည်းစနစ်မှူးများ တက်ရောက် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger