-
ရန်ကုန် ဇန်နဝါရီ ၇
-
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ ကျန်းမာရေးမဟာဘွဲ့၊ ဆေးပညာမဟာသိပ္ပံ(ဆေးရုံအုပ်ချုပ်မှုနှင့်ကျန်းမာရေးစီမံခန့်ခွဲမှုပညာ)၊ ကာကွယ် ရေးနှင့် အပူပိုင်း ဆေးပညာမဟာဘွဲ့နှင့်ကျန်းမာ ရေးမဟာသိပ္ပံ (အခြေခံကျန်းမာရေး)အောင်မြင် ခဲ့သူများအား ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)၌ တွေ့ဆုံသည်။
-
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ တာဝန်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး တို့က အမှာစကားများ ပြောကြားကြသည်။ ယင်းနောက် မဟာဘွဲ့ရရှိအောင်မြင်ခဲ့သူ များကိုယ်စား သက်ဆိုင်ရာဘာသာရပ်အလိုက် ကိုယ်စားလှယ်များက တက်ရောက်ခဲ့ သည့် မဟာဘွဲ့ သင်တန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် ပိုမိုတိုးတက်ကောင်း မွန်စေရေး အတွက် အကြံပြုချက်များကိုတင်ပြကြသည်။
-
တွေ့ဆုံပွဲသို့ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ကျော့စန်းလွင်၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင်ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဗဟိုအဆင့် ဆေးရုံကြီးများအပါအဝင် ဆေးရုံ ၂၆ ရုံမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ တာဝန် ရှိသူ များနှင့် တွေ့ဆုံ၍ ကုသရေးရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ထမ်းရေးရာ၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၊ စီမံ အုပ်ချုပ်မှုရေးရာ၊ ဆောက်လုပ်ရေးနှင့်ပြုပြင် ထိန်းသိမ်းရေးစသည့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးပြီး ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးခဲ့ကာ ရေရှည် ဆောင်ရွက်ပေးရမည်များကို စီစဉ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment