-
နေပြည်တော် ဇန်နဝါရီ ၇
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ၊ ရွှေပြည်သာကျေးရွာအုပ်စု၊ လသာ တိုးချဲ့ရပ်ကွက်သစ်ရှိ ဒေါ်မိုး(ဘ) ဦးတင်ဦး၏ နေအိမ်သို့ ဇန်နဝါရီ ၆ ရက် ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေ စစ်ဆေးရာ ဒေါ်မိုးနှင့် မောင်မြင့်(ဘ) ဦးချစ်ကိုတို့နှစ်ဦးကို တွေ့ရှိရပြီး နေအိမ်ဝင်ပေါက်အနီး ကြမ်းပြင်၌ ဆာလာအိတ်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ ဆပ်ပြာခွက် ၂၁ ခွက်အတွင်းမှ ဘိန်းဖြူမှုန့် ၂၁ဝ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၂ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအားခန္တီးမြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment