-
မိုးနဲ ဇန်နဝါရီ ၇
-
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်မီးသတ်စခန်း၌ကျင်းပသည်။
-
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုမြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ယာယီမီးသတ်စခန်း တာဝန်ခံ ဦးစိုင်းသူရ က မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ ဝတ်စုံများကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူသည်။
-
ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြုပုံနှင့် မီးငြှိမ်းသတ်မှုများကို သရုပ်ပြလေ့ကျင့် ဆောင်ရွက်ကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၅ဝ ဦးအား သင်တန်းကာလ ဇန်နဝါရီ ၇ ရက်မှဖေဖော်ဝါရီ ၁ ရက်အထိ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment