www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

နိုင်ငံတကာနှင့် ချိတ်ဆက်ရာတွင် အဆင်ပြေစေရန် ရွှေတစ်ကျပ်သားလျှင် ၁၂၈ ရွေးဖြင့်သာ ရောင်းဝယ်ရန် စီစဉ်

နိုင်ငံတကာနှင့် ချိတ်ဆက်ရာတွင် အဆင်ပြေစေရန် ရွှေတစ်ကျပ်သားလျှင် ၁၂၈ ရွေးဖြင့်သာ ရောင်းဝယ်ရန် စီစဉ်
-
ရန်ကုန်  ဇန်နဝါရီ  ၇ 
-
နိုင်ငံတကာနှင့် ချိတ်ဆက်၍ ရွှေအရောင်းအဝယ် ပြုလုပ်ရာတွင်  အဆင်ပြေချောမွေ့စေရန် ရွှေတစ်ကျပ်သားလျှင် ၁၂၈ ရွေးဖြင့်သာ  အရောင်းအဝယ်ပြုလုပ်ရန်  အသိပေး လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းထံမှ သိရသည်။ ''ရန်ကုန်နဲ့မန္တလေးက ရွှေတစ်ပိဿာမှာ ငါးရွေးကွာဟနေတဲ့အတွက် တစ်နိုင်ငံလုံး အလေးချိန် တူညီရင်  တင်ပို့မယ့်ကိစ္စနဲ့တင်သွင်းမယ့်ကိစ္စ အဆင်ပြေချောမွေ့စေမှာပါ။ ဒါကြောင့် ဇန်နဝါရီလကနေ စတင်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ ရွှေတစ်ကျပ်သားကို ၁၂၈ ရွေးနဲ့သာ အရောင်းအဝယ် ပြုလုပ်ကြဖို့  ညှိနှိုင်းပြီး အသိပေးနေတာဖြစ်ပါတယ်'' ဟု  ဦးတင်ထွန်း ကပြောသည်။ 
-
ရွှေအချိန်အတွယ်များနှင့်ပတ်သက်၍ အကယ်ဒမီသမာဓိချိန်ခွင်၏ ရန်ကုန်အလေးချိန် AD ချိန်ခွင် Software များအတိုင်း ချိန်တွယ်မည်ဖြစ်ပြီး ရွှေတစ်ကျပ်သားကို ၁၂၈ ရွေးဖြင့် တွက်ချက်၍ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်သည်။ 
-
နိုင်ငံတကာ အလေးချိန် ၁၆ ဒသမ  ၆ဝ၆ ဂရမ်ကို  ရွှေတစ်ကျပ်သားအနေဖြင့် ကိုက်ညီရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတို့မှတစ်ဆင့် ရွှေကိုလွတ်လပ်စွာ သယ်ယူခွင့်ရရှိရေး  ထောက်ခံချက် ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger