www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 3, 2019

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
-
နေပြည်တော်၊  ဇန်န၀ါရီ -၂ 
-
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားအား ယနေ့ နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထိန်လင်းနှင့် ပညာရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ ၀င်ရောက်၍ သတ်မှတ်နေရာများတွင် နေရာ ယူကြပြီးနောက် နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိ သစ္စာ ခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့် သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
-
ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြု သိပ္ပံဘွဲ့ ၇၉ ဦး၊ ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့ ၄ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ ဓာတ်ခွဲနည်း ပညာ ၅ ဦး၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ၅ ဦး၊ ခန္ဓာ သန်စွမ်းမှု နည်းပညာ ၅ ဦး၊ စုစုပေါင်း ၉၈ ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းသည်။ ထို့နောက် အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ၀တ်စုံများကို ၀တ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်း သဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည် ထွက်ခွာသွားကြသည်။
-
-
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်အား ၂၀၀၀ ပြည့်နှစ်တွင် တပ်မတော် သူနာပြု တက္ကသိုလ် (Defence Services Institute of  Nursing) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် (Military Institute of Nursing and Paramedical Sciences) အမည်ဖြင့် ပြောင်းလဲပြင်ဆင် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ "တို့တာဝန် အရေးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသား တပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံး ရည် ပြည့်ဝသည့် သူနာပြု၊ ဆေးဝါး ကျွမ်းကျင်သူနှင့် ဆေးဘက်ပညာသည်စစ်သည်များ မွေးထုတ်ပေးရန်" ဖြစ်သည်။ ကျောင်းဌာနချုပ်ရုံး၏ ကြီးကြပ် ကွပ်ကဲမှု အောက်တွင် စာပေဌာန၊ လေ့ ကျင့်ရေး ဌာနနှင့် အုပ်ချုပ်ရေး ဌာနရှိပြီး စာပေဌာနမှ စာပေပညာရပ်များကို သင်ကြားပို့ ချပေးပြီးဘာသာရပ်အလိုက် ဘွဲ့များဖြစ်သည့် သူနာပြု သိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့၊ ဆေးဘက် ဆိုင်ရာ နည်းပညာဘွဲ့ (ဓာတ်ခွဲ နည်းပညာ)၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ)၊ ဆေးဘက် ဆိုင်ရာ နည်းပညာဘွဲ့ (ခန္ဓာသန်စွမ်းမှု နည်းပညာ)များဖြစ်ပြီး ဘွဲ့လွန် သင်တန်းသားများအား သူနာပြု ပါရဂူဘွဲ့၊ သူနာပြု မဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာ သိပ္ပံဘွဲ့(ဓာတ်ခွဲနည်းပညာ)၊ ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့ (ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ)၊ ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့ (ခန္ဓာသန်စွမ်းမှု နည်းပညာ)၊ ဆေးပညာ သင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ တို့ဖြစ်ပြီး သက်ဆိုင် ရာ ပညာရပ်များအလိုက် ဘွဲ့ကြို/ဘွဲ့လွန် တက်ရောက် အောင်မြင်ခဲ့သည့် အရာရှိများအား ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်း နည်းပညာ ဒီပလိုမာဘွဲ့၊ အထူးကြပ်မတ် သူနာပြုစုမှု ဒီပလိုမာဘွဲ့၊ ခွဲစိတ်ခန်း သူနာပြုစုမှု ဒီပလိုမာဘွဲ့တို့အား ချီးမြှင့် အပ်နှင်း လျက်ရှိသည်။
-
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူ ၈ ဦးအား စိစစ် ရွေးချယ်ပြီး ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (အောင်ဆန်း)ရှိ ခြေတုလက်တု နှင့် အားပြု ကိရိယာနည်းပညာသင်တန်းသို့ တက်ရောက် ပညာသင်ကြား စေလျက်ရှိပြီး တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ နည်းပြများ အရည်အသွေး မြင့်မားစေရန်အတွက် ဆေးပညာ သင်ကြားရေးဘွဲ့လွန် သင်တန်းအား ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ် သင်ကြားနိုင်ခဲ့သည်။ ယခုအခါ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းသား၊ သင်တန်းသူ ၄၅၃ ဦး ပညာသင်ကြားလျက်ရှိသည်။ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်တွင် သင်တန်းသားများကို ကိုယ်ကျင့် တရားကောင်းမွန်၍ စည်းကမ်းရှိပြီး တာဝန်သိသော ဆေးဝန်ထမ်း တပ်မတော်သားကောင်း များဖြစ်စေရန် ရည်ရွယ်ချက်ထားပြီး ပြုစုပျိုးထောင် ပေးလျက်ရှိပြီး သင်ရိုးညွှန်းတမ်းများအား သက်ဆိုင်ရာ နယ်ဘက် တက္ကသိုလ်များ၊ နိုင်ငံ တကာ တက္ကသိုလ်များ၏ သင်ရိုး ညွှန်းတမ်းများ၏ စံချိန်စံညွှန်းနှင့်အညီ ရေးဆွဲပြီး သင်ကြားပို့ချ ပေးလျက်ရှိသည်။ သင်တန်းသား၊ သင်တန်း သူများ၏ ပညာအရည်အချင်း အကဲဖြတ်ချက်များအား တပ်မတော် သူနာပြုနှင့် ဆေးဘက် ပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှူးများဖြင့် စစ်ဆေးခဲ့သည့်အပြင် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ တပ်မတော် ဆေးရုံကြီးများမှ ပါမောက္ခ ဌာနမှူးများ၊ သူနာပြုအုပ်များနှင့် သက်ဆိုင်ရာ နယ်ဘက် တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများကိုပါ ပြင်ပစာစစ်ပုဂ္ဂိုလ်များအဖြစ် ဖိတ်ကြားပြီး စစ်ဆေး အ ကဲဖြတ်ခဲ့ခြင်းဖြစ်သည်၊၊ လေ့ကျင့်ရေးဌာနမှ သင်တန်းသား၊ သင်တန်းသူများကို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး လေ့ကျင့်ပေးသည့်အပြင် စစ်ပညာကို တပ်စုမှူး အဆင့်အထိသင်ကြားလေ့ကျင့် ပေးလျက်ရှိသည်။
-
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်းသဘင် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ယနေ့အထိ သူနာပြုပါရဂူဘွဲ့ ၁၃ ဦး၊ ဆေးပညာ သင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ ၁၈၈ ဦး၊ သူနာပြု မဟာသိပ္ပံဘွဲ့ ၃၆၂ ဦး၊ ဆေးဝါးမဟာ သိပ္ပံဘွဲ့ ၃၉ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့ ၁၀၆ ဦး၊ သူနာပြု သိပ္ပံဘွဲ့(ပေါင်းကူး) ၉၈ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် 
ရောဂါရှာဖွေခြင်းနည်းပညာ ဒီပလိုမာဘွဲ့ ၁၀ ဦး၊ အထူးကြပ်မတ် သူနာပြုစုမှုဒီပလိုမာဘွဲ့ ၁၄ ဦး၊ ခွဲစိတ်ခန်း သူနာပြုစုမှု ဒီပလိုမာဘွဲ့ ၃၅ ဦး၊ သူနာပြု သိပ္ပံဘွဲ့ ၃၀၄၅ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၂၀၄ ဦး၊ 
ဆေးဘက်ဆိုင်ရာ နည်းပညာ ဘွဲ့ ၅၇၃ ဦး၊ စုစုပေါင်း ၄၆၈၇ ဦးတို့အားဘွဲ့များ အပ်နှင်းပေးခဲ့ပြီး ဖြစ်သည်။
-
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ရှိ စာပေသင်ကြားရေး ဆိုင်ရာနည်းပြ အရာရှိများ နိုင်ငံတကာ အဆင့်မီ အတတ်ပညာများ ရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက် စေလွှတ်ခဲ့ရာ ၁၉၉၈ ခုနှစ်တွင် သင်တန်းသူတစ်ဦး၊ ၁၉၉၉ ခုနှစ်တွင် သင်တန်း သူ ၂ ဦး၊ ၂၀၀၁ ခုနှစ်တွင်သတန်းသူ ၂ ဦးနှင့် သူနာပြုမဟာ သိပ္ပံဘွဲ့အတွက်သင်တန်းသူ ၈ ဦးတို့အား သြစတြေး လျနိုင်ငံ La Trobe တက္ကသိုလ် သို့စေလွှတ်ပညာသင်ကြား စေခဲ့ပြီး အဆိုပါ သင်တန်းသူ ၁၃ ဦးအား အဆိုပါ တက္ကသိုလ်မှ ဘွဲ့အပ်နှင်းသည့် အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ အလားတူ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြု မဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာ သိပ္ပံဘွဲ့ တက်ရောက်သင်ယူစေခဲ့ပြီး ၆ ဦး အောင်မြင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ သူနာပြု ပါရဂူဘွဲ့သင်တန်း အမှတ်စဉ်(၁)မှ သင်တန်း သူ ၅ ဦးကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ University of Airlangga Mulyorejo Suraba တက္ကသိုလ်သို့ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၀)မှ ထူးချွန်သင်တန်းသား ၂ ဦးကိုလည်းကောင်း အဆင့်မြင့် ပညာရပ်များနှင့် ဘွဲ့လွန်သင်တန်း တက်ရာက်ပညာ သင်ကြားစေခဲ့ပြီးဖြစ်သည်။
-
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ရှိ စာပေသင်ကြားရေး ဆိုင်ရာနည်းပြ အရာရှိများ နိုင်ငံတကာ အဆင့်မီ အတတ်ပညာများ ရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက် စေလွှတ်ခဲ့ရာ ၁၉၉၈ ခုနှစ်တွင် သင်တန်းသူတစ်ဦး၊ ၁၉၉၉ ခုနှစ်တွင် သင်တန်း သူ ၂ ဦး၊ ၂၀၀၁ ခုနှစ်တွင်သတန်းသူ ၂ ဦးနှင့် သူနာပြုမဟာ သိပ္ပံဘွဲ့အတွက်သင်တန်းသူ ၈ ဦးတို့အား သြစတြေး လျနိုင်ငံ La Trobe တက္ကသိုလ် 
သို့စေလွှတ်ပညာသင်ကြား စေခဲ့ပြီး အဆိုပါ သင်တန်းသူ ၁၃ ဦးအား အဆိုပါ တက္ကသိုလ်မှ ဘွဲ့အပ်နှင်းသည့် အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ အလားတူ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြု မဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာ သိပ္ပံဘွဲ့ တက်ရောက်သင်ယူစေခဲ့ပြီး ၆ ဦး အောင်မြင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ သူနာပြု ပါရဂူဘွဲ့သင်တန်း အမှတ်စဉ်(၁)မှ သင်တန်း သူ ၅ ဦးကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ University of Airlangga Mulyorejo Suraba တက္ကသိုလ်သို့ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၀)မှ ထူးချွန်သင်တန်းသား ၂ ဦးကိုလည်းကောင်း အဆင့်မြင့် ပညာရပ်များနှင့် ဘွဲ့လွန်သင်တန်း တက်ရာက်ပညာ သင်ကြားစေခဲ့ပြီးဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger