www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 3, 2019

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၆)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၆)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်
-
နေပြည်တော်၊  ဇန်န၀ါရီ - ၂ 
-
တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၆)နှင့် အမျိုးသမီး သူနာပြု သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ 
-
-
အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာ ကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း သူနာပြုများနှင့် မိဘ ဆွေမျိုးများ တက်ရောက်ကြသည်။
-
ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်း သူနာပြုများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်း သူနာပြုများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာ သုံးဆောင်ကြသည်။ ညစာ သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတ အဖွဲ့နှင့် တပ်မတော် သူနာပြုနှင့် ဆေးဖက်ပညာ တက္က သိုလ် ဂုဏ်ပြုစစ်တီးဝိုင်း တပ်ခွဲတို့က တေးသီချင်းများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ဂုဏ်ပြု စစ်တီးဝိုင်း တပ်ခွဲ၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှု အားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။
-

-
သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ မြ၀တီ တေးဂီတ အဖွဲ့နှင့် မြ၀တီ အငြိမ့်အဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger