www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (ဒုတိယပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (ဒုတိယပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၉ 
-
၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။
-
-

ထိုသို့စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပ ပြုလုပ်ရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ပုဗ္ဗသီရိတပ်နယ်၏ စုပေါင်း လမ်းလျှောက် ပွဲကို နယ်မြေခံတပ်အားကစားကွင်း၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲ ကို တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌လည်း ကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစား ကွင်း၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်၏ စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ကျိုင်းတုံတပ်နယ် အားကစားကွင်း၌လည်းကောင်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ရွှေနတ်တောင် အားကစားကွင်း၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် မြိတ်တပ်နယ်၏ စုပေါင်းလမ်း လျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ တပ်နယ် အသီးသီးအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ် ဘောလုံး ကွင်း၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းတပ်နယ်၏ စုပေါင်းလမ်း လျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် မုံရွာတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်၏စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ရန်အောင် မြင်ခန်းမ ရှေ့၌ လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်၏စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုး ခန်းမရှေ့၌လည်းကောင်း အသီးသီးကျင်းပ ပြုလုပ်ကြရာ တိုင်းမှူးများ၊ တိုင်းစစ် ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည၊် မိသားစုများ ပါဝင် ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင် ရွက်ခဲ့ကြ သည်။
-
-
-
-
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံး/ဌာနများ၏ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) စုပေါင်း လမ်း လျှောက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက် ကြံ့ခိုင်ရေးများ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger