www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

မိုင်းပန်မြို့နယ်အတွင်း ငွေကျပ်သိန်း ၃ဝဝ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ သုံးဦး ဖမ်းဆီးရမိ

မိုင်းပန်မြို့နယ်အတွင်း ငွေကျပ်သိန်း ၃ဝဝ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ သုံးဦး ဖမ်းဆီးရမိ
-
နေပြည်တော်   ဒီဇင်ဘာ   ၉ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊    မိုင်းပန်မြို့နယ်ရှိ  သံလွင်မြစ်ကူးတံတား (တာဆန်း) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဒီဇင်ဘာ ၈ ရက် ည ၆ နာရီခွဲခန့်တွင်  မိုင်းပန်မြို့ဘက်မှ  မိုင်းတုံမြို့ဘက်သို့ လောက်ပေါင်(ဘ)   ဦးလောက်ကျောင်း မောင်းနှင်ပြီး   စံကျင်း(ဘ)ဦးအိုက်လံနှင့် အားဖိန်(ဘ) ဦးခိုက်ပေါင်တို့ လိုက်ပါလာသည့် မတ်တူးအမျိုးအစား ယာဉ်အမှတ်၊ 5H/---လိုင်စင်မဲ့ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ ဝဲဘက်ရှေ့ခန်း တံခါးပေါက်အတွင်း ဝှက်၍သယ်ဆောင်လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝ  ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃ဝဝ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မိုင်းပန် မြို့မရဲစခန်း၌  တရားဥပဒေအရ  အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger