www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ် ပွဲကျင်းပမည်

ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ် ပွဲကျင်းပမည်
-
အိမ်မဲ ဒီဇင်ဘာ ၉
-
ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်တို့တွင် ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စု ကျေးရွာ၌ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။
-
ဇန်နဝါရီ ၄ ရက် ည ၇ နာရီတွင် စတင်ယှဉ်ပြိုင်မည့် ပထမနေ့ပွဲစဉ်များ၌ ငါးချီပွဲသုံးပွဲအဖြစ် ယှူးခလိန်းမင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ)နှင့် လက်သီးမိုး (ရွှေသထုံ/ သထုံ)၊ အောင်ထက် (မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် အောင်ကျော်ဟိန်း (တိုက်ဂါး/ဘားအံ)၊ ဆလိုင်းချမ်းမြေ့ကို (ရေဘွှားလား/ ဘားအံ) နှင့် ရဲသွေးအောင် (အဖြူရောင်သွေးသစ်/ ရန်ကုန်) တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ လေးချီပွဲများတွင် သားဒိန်း (ဖိုးရာဇာ/ ရန်ကုန်)နှင့် ချိုထူးအောင် (ဓမ္မဟေဝန်/ ဘုရားသုံးဆူ)၊ သိန်းစိုး (အဖြူရောင်သွေးသစ်) နှင့် ရွှေမိုးပျံ (ရွှေသထုံ/သထုံ)တို့ပွဲစဉ်များ ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသမီး လေးချီပွဲ အဖြစ် မာရီးနား(ခြင်္သေ့မင်း)နှင့် သော်နေထူး (ဇာနည်မောင်)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
-
တခြားသုံးချီစိန်ခေါ်ပွဲအဖြစ် ကျောက်ရိုင်း (ဓမ္မဟေဝန်/ဘုရားသုံးဆူ)နှင့် ဟိန်းထွဋ်ကျော် (ဥဿမင်း/ပဲခူး)၊ ရှိုင်းကိုကို(ဥဿမင်း/ပဲခူး)နှင့် ရဲကျော်သူ (RAY) တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ဒီဇင်ဘာ ၅ ရက်ညပွဲစဉ်များတွင် စောဆဝါး (ဒို့ရိုးရာ/သထုံ)နှင့် ပိုက်ထွေး(ရွှေသထုံ/ သထုံ)၊ ကောင်း ကောင်း (မြိုင်ကလေး ဘိလပ် မြေစက်ရုံ)နှင့် ထွန်းလင်းအောင် (ဒို့ရိုးရာ/ သထုံ)၊ ကျော်နိုင်(တိုက်ဂါး/ ဘားအံ) နှင့် စည်သူအောင် (ရွှေဘားလား/ဘားအံ)တို့၏ ငါးချီ စိန်ခေါ်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။
-
ဒီဇင်ဘာ ၅ ရက်ညပွဲစဉ်များတွင် စောဆဝါး (ဒို့ရိုးရာ/သထုံ)နှင့် ပိုက်ထွေး(ရွှေသထုံ/ သထုံ)၊ ကောင်း ကောင်း (မြိုင်ကလေး ဘိလပ် မြေစက်ရုံ)နှင့် ထွန်းလင်းအောင် (ဒို့ရိုးရာ/ သထုံ)၊ ကျော်နိုင်(တိုက်ဂါး/ ဘားအံ) နှင့် စည်သူအောင် (ရွှေဘားလား/ဘားအံ)တို့၏ ငါးချီ စိန်ခေါ်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် တခြားသော လေးချီစိန်ခေါ်ပွဲ တစ်ပွဲနှင့် သုံးချီစိန်ခေါ်ပွဲတစ်ပွဲအပြင် စိန်တစ်ပွင့်( ဇာတိမာန်/ ရန်ကုန်)နှင့် ငြိမ်းအိ (တိုက်ဂါး/ဘားအံ) တို့၏ အမျိုးသမီးလေးချီ စိန်ခေါ်ပွဲတစ်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။ ကလပ် အသင်းများမှ တခြားသော အထူး သုံးချီကြား ပွဲများလည်း ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ 
-
TZW
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger