www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေသွား ကားလမ်းဘေး၌ မီးလောင်မှုဖြစ်ပွား

မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေသွား ကားလမ်းဘေး၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော်  ဒီဇင်ဘာ   ၉ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေသွား ကားလမ်းဘေး၌ ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်တွင် စက်သုံးဆီ အရောင်းဆိုင်တန်းရှိ ဦးကျော်ဇောဖြူ စက်သုံးဆီအရောင်းဆိုင်မှ မီးကြွင်းမီးကျန်မှ တစ်ဆင့်   မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းခြောက်ခန်းအား မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ်ငါးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်း သတ်မှုကြောင့် ည ၈ နာရီခန့် တွင် မီးငြိမ်းသွားခဲ့သည်။ 
-
မီးလောင်မှုကြောင့်  လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၇ဝဝဝဝဝဝဝ ကျပ်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးကျော်ဇောဖြူအား  မြောက်ဦးမြို့မရဲစခန်း၌ တရား ဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။        
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger