www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတား၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတား၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဒီဇင်ဘာ  ၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတား၌ လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက် မှုများအား စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီခန့်တွင် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့  အေးဝင်း(ဘ) ဦးလေးမောင် မောင်းနှင်လာသည့် TUR-210 FUSO အမျိုးအစား ယာဉ်အမှတ်၊ MDY 5K/---၂၂ ဘီးယာဉ်ပေါ်မှ မူးယစ်ဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသည့် အီသိုင်းအီသာအရည် ၁၆ဝ လီတာ ခန့်ပါ သံပီပါ ၂၅ လုံး၊ ဟိုက်ဒရိုကလိုရစ် အက်စစ်အရည် ၁၆ဝ လီတာခန့်ပါ ပလတ် စတစ်ပီပါ ၄၅ လုံး၊ အလူမီနီယံဆာလဖိတ် အဖြူရောင်ပုံဆောင်ခဲ ၄ဝ ကီလိုခန့်ပါ ဆာ လာအိတ် ၇ဝ အိတ်၊ အက်စီတစ်အက်စစ် တစ်ပုလင်းလျှင် သုည ဒသမ ၅ လီတာခန့်ပါ ၃ဝဝ ပုလင်းနှင့် ဆိုဒီယမ်ဟိုက်ဒြောဆိုက် အရည် ၁၆ လီတာခန့်ပါ ပလတ်စတစ်ပုံး ၃၇ဝ ပုံး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄ဝဝ ကျော်) အား လည်းကောင်း၊ ပြည့်ဖြိုး(ဘ)ဦးစိုး   မောင်းနှင်လာသည့် SCANIA အမျိုးအစား ယာဉ်အမှတ်၊ MDY 9M/--- ၂၂ ဘီးယာဉ်ပေါ်မှ မူးယစ်ဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသည့် အီသိုင်း အီသာအရည် ၁၆ဝ လီတာခန့်ပါ သံပီပါ ၅ဝ လုံး၊ ဖီနိုင်းအက်စီတစ် အဖြူရောင်အမှုန့် ၄ဝ ကီလိုခန့်ပါ ဆာလာအိတ် ၁ဝဝ အိတ်၊ အလူမီနီယံဆာလဖိတ် အဖြူရောင်ပုံဆောင် ခဲ ၄ဝ ကီလိုခန့်ပါ ဆာလာအိတ် ၅ဝ အိတ်၊ အရိုးမီးသွေးအမှုန့် ၂ဝ ကီလိုခန့်ပါ ဆာလာအိတ် ၂၅ အိတ်နှင့် ဆိုဒီယမ်ဟိုက်ဒြောဆိုက် အရည် ၁၆ လီတာခန့်ပါ ပလတ်စတစ်ပုံး ၂၂ဝ ပုံး(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃ဝဝ ကျော်)တို့အားလည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။
-
-
အဆိုပါမော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်   ဖမ်းဆီးရမိသူများ အား မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger