www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်း သားများ၏ (၂၃)ကြိမ်မြောက် နှစ်သစ်ကူးကောက်သစ် လှူဒါန်းပွဲနှင့် သက်ကြီး ပူဇော်ပွဲ အထိမ်းအမှတ် မိတ်ဆုံစားပွဲပြုလုပ်

ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်း သားများ၏ (၂၃)ကြိမ်မြောက် နှစ်သစ်ကူးကောက်သစ် လှူဒါန်းပွဲနှင့် သက်ကြီး ပူဇော်ပွဲ အထိမ်းအမှတ် မိတ်ဆုံစားပွဲပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၉ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်းသားများ၏ (၂၃)ကြိမ်မြောက် နှစ်သစ်ကူးကောက် သစ် လှူဒါန်းပွဲနှင့် သက်ကြီး ပူဇော်ပွဲအထိမ်းအမှတ် မိတ်ဆုံစားပွဲကို ဒီဇင်ဘာ ၈ ရက်ညပိုင်းတွင် ကျိုင်းတုံ မြို့၊ မြို့မအားကစားကွင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ၊ ဖိတ်ကြားထား သူများ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။
-
ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်အမှာ စကားပြောကြားပြီး နှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် အလှူငွေနှင့် လက်ဆောင်ပစ္စည်း များပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ရှမ်းနှစ်သစ်ကူး ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက နှစ်သစ်ကူး အထိမ်းအမှတ် လက်ဆောင် ပြန်လည် ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက (၂၃)ကြိမ်မြောက် ရှမ်းတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူး အထိမ်း အမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုသည်။
-
ယင်းနောက် စုပေါင်း နှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီမှ တက်ရောက် လာကြသူများအား စုပေါင်းနှစ်သစ်ကူး မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger