www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

မောင်တောမြို့ နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၁ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မောင်တောမြို့ နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၁ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
-
နေပြည်တော် ဒီဇင်ဘာ ၆
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ဝ နာရီခန့်တွင် ကြက်ရိုးပြင်ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်အတွင်း သတင်းအရ ဝင်ရောက် ရှာဖွေရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅ဝဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၁ဝဝဝ ကျော်)အား ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
-
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ အား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်နိုင်ရန် ငါးခူရနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger