www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2018

ကွန်ဟိန်းမြို့နယ်အတွင်း ငွေကျပ်သိန်း ၅ဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ

ကွန်ဟိန်းမြို့နယ်အတွင်း ငွေကျပ်သိန်း ၅ဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ
-
နေပြည်တော် ဒီဇင်ဘာ ၆
-
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်ရှိ သံလွင်မြစ်ကူးတံတား (တာကော်) ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် ဝင်/ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၅ ရက် ညနေ ၃ နာရီခန့်တွင် ကွန်ဟိန်းမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းအောင်မိုင်း(ဘ) ဦးနန္ဒိ မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသော ကျောပိုးအိတ် အတွင်းမှ S WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၅ဝဝဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၅ဝဝ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ကာလိနယ်မြေ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger