www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 21, 2018

ဖျာပုံ- ကျိုက်လတ်- မအူပင်အဝေးပြေး ကားလမ်းမကြီးဘေး၌ ညအိပ်ရပ်နား၍ ကုန်တင် ကုန်ချပြု လုပ်နေသော ယာဉ်များအား ဖယ်ရှားပေးစေလို

ဖျာပုံ- ကျိုက်လတ်- မအူပင်အဝေးပြေး ကားလမ်းမကြီးဘေး၌  ညအိပ်ရပ်နား၍  ကုန်တင် ကုန်ချပြု လုပ်နေသော ယာဉ်များအား ဖယ်ရှားပေးစေလို
-
ဖျာပုံ   ဒီဇင်ဘာ  ၂ဝ 
-
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံ မြို့နယ် ချောင်းတွင်းကျေးရွာအနီး ပြုပြင် ထားသည့်   ဖျာပုံ-ကျိုက်လတ်-မအူပင် အဝေးပြေးကားလမ်းမကြီးဘေး၌   ညအိပ် ရပ်နား၍ ကုန်တင်၊ကုန်ချပြုလုပ်နေ သော ကုန်တင်ယာဉ်များအား ဖယ်ရှားပေး စေလိုကြောင်း အဆိုပါကျေးရွာရှိ ဒေသခံများ ထံမှသိရသည်။ -
-
''ယာဉ်မောင်းတွေက သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို အရင်က  မြို့တွင်းယာဉ် မရပ်ရနေရာတွေ၊    လူနေအိမ် ရှေ့ တွေမှာ ရပ်ပြီးကုန်တင်၊ ကုန်ချပြုလုပ်တော့ ပြည်သူတွေ ခရီးသွားလာရာမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ပါတယ်။  ဒါကို သက်ဆိုင်ရာတာဝန်ရှိ သူတွေက ကုန်တင်၊  ကုန်ချဝင်းကို တည်ဆောက်ပေးခဲ့ပေမယ့်    ညအိပ်ရပ်နားပြီး  ကုန်တင်၊ ကုန်ချ    ပြုလုပ်တဲ့သူတွေနည်းပါး ပါတယ်။    
-
ကုန်တင်ယာဉ်အများစုက မြို့ပြင် ချောင်းတွင်းကျေးရွာ အနီးမှာရှိတဲ့ အဝေး ပြေးကားလမ်းမဘေး ယာဉ်မရပ်ရနေရာမှာ နေ့နေ့ညည ယာဉ်ရပ်နားပြီး   ကုန်တင်၊ ကုန်ချပြု လုပ် နေတာကြောင့်   ယာဉ်တိုက်မှု တွေဖြစ်ပွားပြီး  ပြည်သူတွေအန္တရာယ်ဖြစ်မှာကို     စိုးရိမ်နေရတဲ့အတွက် သက်ဆိုင် ရာ တာဝန်ရှိ သူတွေက သတ်မှတ်စည်းကမ်း၊  ဥပဒေနဲ့အညီ အမြန်ဆုံးလာရောက်ရှင်းလင်း    ဖယ်ရှားပေးသင့်ပါတယ်'' ဟု     ချောင်းတွင်း ကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။ 
-
ဖျာပုံမြို့နယ်အတွင်း အနယ်နယ်အရပ် ရပ်မှ လာရောက်ကုန်တင်၊ကုန်ချပြုလုပ်သော   ကုန်တင်ယာဉ်များ အဆင်ပြေ စေရန် နှင့်စည်း ကမ်းလိုက်နာစေရန်အတွက်  ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၃) ရပ်ကွက် အောင် မေတ္တာ လမ်း အတွင်း ကုန်တင်၊ကုန်ချယာဉ် ရပ်နားစခန်းကို ယခုနှစ်အတွင်းတည်ဆောက်ဖွင့်လှစ် ပေးထားသော်လည်း ကုန်တင်ယာဉ်မောင်းများမှာ  မိမိတို့ တင်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးမျိုးကို ကုန်တင်၊ ကုန်ချဝင်းအတွင်း ရပ်နား၍ ကုန်တင်၊ ကုန်ချမပြုလုပ်ဘဲ ဖျာပုံ-ကျိုက်လတ်-မအူပင် အဝေးပြေးလမ်းမကြီးဘေး၌ ကုန်တင်၊  ကုန်ချပြု လုပ် နေခြင်း ကြောင့်   လမ်းပိတ်ဆို့ကာ ခရီးသွားပြည်သူများ  ယာဉ်အန္တရာယ် ဖြစ်ပေါ်မည်ကို စိုးရိမ်ရသဖြင့် သက် ဆိုင်ရာ တာဝန် ရှိသူများက  ကုန်တင်ယာဉ်များကို  ဖယ်ရှားစေလိုကြောင်း သိရသည်။ 
-
ချမ်းသာ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger