www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 21, 2018

ပဲခူးမြို့ စက်မှုနယ်မြေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ရန် လက်မှတ် ရေးထိုး

ပဲခူးမြို့ စက်မှုနယ်မြေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ရန် လက်မှတ် ရေးထိုး
-
ပဲခူး ဒီဇင်ဘာ ၂ဝ 
-
ပဲခူးမြို့ ပြည်ပစက်မှုနယ်မြေတွင် Sunjin Myanmar Co., Ltd. မှ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ ဆောင် ရွက်ရန် လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင် ဟံသာခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ထပ်မံတိုးချဲ့ ဆောင်ရွက်သည့် Sunjin Myanmar Co., Ltd. အား ဝမ်းမြောက် ဝမ်းသာစွာ ကြိုဆိုကြောင်း၊ နောင်အနာဂတ်တွင် အာဆီယံ လမ်းမကြီးများ၊ ရိုးမဖြတ်ကျော် လမ်းများ ပေါ်ပေါက်လာမည်ဖြစ်၍ ပဲခူးမြို့နယ် အဓိက ကုန်စည်စီးဆင်းရာ လမ်းဆုံပေါ်တွင် ကျရောက်လျက်ရှိ၍ စီးပွားရေးအရ မဟာဗျူဟာကျကြောင်း၊ မြန်မာနိုင်ငံအတွက် စိုက်ပျိုး ရေးနှင့် မွေးမြူရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုရာ ရောက်သည့် တိရစ္ဆာန် အစာစပ် လုပ်ငန်းနှင့် ကြက်သား ပေါက်ထုတ်လုပ်သည့် လုပ်ငန်းများ ဆောင်ရွက်နေမှုသည် နိုင်ငံခြား ဝင်ငွေရရှိစေသည့်အပြင် ပြည်တွင်း စိုက်ပျိုး မွေးမြူရေးသမားများအတွက် အကျိုးရှိသည်ဖြစ်၍ လုပ်ငန်းများ ပိုမိုအဆင်ပြေနိုင်ရန် မိမိတို့ အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ် သလို ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း ပြဋ္ဌာန်းထားပြီး ဖြစ်သည့် အလုပ်သမား ဥပဒေနှင့် အခွင့်အရေးများကို လေးစား လိုက်နာကြစေလိုကြောင်း ပြောကြားသည်။ 
-
ထို့နောက် ပဲခူးတိုင်းဒေသကြီး စက်ရုံအလုပ်ရုံများ တည်ထောင်ကြီးကြပ်ရေး ကော်မတီ နှင့် Sunjin Myanmar Co., Ltd. တို့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး၊ Sunjin Myanmar Co., Ltd.. မှ Executive Director Mr. Sun Ho Hwang က ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Sunjin Myanmar Co., Ltd.. မှ Executive Director Mr. Sun Ho Hwang နှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်းသိရသည်။
-
ဟိန်းထက်(ပဲခူး)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger