www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 10, 2018

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးတောင်သူ ၅ဝဝ ကျော်ကို GAP လက်မှတ်များ ထုတ်ပေးထား


မန္တလေး  အောက်တိုဘာ  ၉ 
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် တောင်သူ ၅ဝဝ ကျော်ကို နိုင်ငံတကာ အသိအမှတ်ပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) လက်မှတ် ထုတ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းကပြောသည်။ ''တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ အစဉ်ဖွံ့ဖြိုး တိုးတက်ဖို့ ကြိုးစားဆောင်ရွက်ပေးနေတယ်။ 
-
သက်ဆိုင်ရာ အရပ်ဒေသအလိုက် သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတယ်'' ဟု ဝန်ကြီး ဒေါက်တာ စိုးသန်း က ပြောသည်။ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် 
မွေးမြူရေး လုပ်ငန်းရှင်များကို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရခြင်းမှာ စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပဈေးကွက်အထိ ထိုးဖောက်ကာ ဈေးကောင်းရနိုင်ရေး အတွက်ဖြစ်သည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ကော်ဖီစိုက်ပျိုးသူ အစုအဖွဲ့ခြောက်ဖွဲ့၊ သရက်စိုက်ပျိုးတင်ပို့ ရောင်းချသူ ၁၅ ဦး၊ နှမ်းစိုက်ပျိုးတင်ပို့ ရောင်းချသူ ၃၉ဝ ဦးနှင့် ပဲတီစိမ်းစိုက်ပျိုးတင်ပို့ ရောင်းချသူ ၉၁ ဦး စုစုပေါင်း ၅ဝ၂ ဦးကို GAP လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
-
''နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရပြီးရင် ပြည်ပကိုတင်ပို့ရောင်းချဖို့ ဈေးကွက် သစ်ရှာဖွေရာမှာ အဆင်ပြေတယ်။ ပြဿနာကတော့ ပစ္စည်းပိုင်းနဲ့ထုပ်ပိုးမှုပိုင်းမှာ ပြိုင်ဘက်နိုင်ငံတွေလောက် Customer တွေကို မဆွဲဆောင်နိုင်သေးဘူး'' ဟု ပြည်ပသို့ ပဲတီစိမ်းတင်ပို့ရောင်းချသူ ဦးသန်းမြင့်ကပြောသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် တောင်သူများ၏ ကုန်ပစ္စည်းများ ပြည်ပ၌ ဈေးကွက် ရရှိနိုင်ရေးအတွက်သာမက ဈေးကွက် 
ထိုးဖောက်နိုင်ရေးအတွက်ကိုပါ ဆောင်ရွက် ပေးနိုင်သော်လည်း စိုက်ပျိုးကုန်စည်များ၏ အရည်အသွေးပိုင်းတိုးတက်ရန်မှာ စိုက်ပျိုး သူတောင်သူများနှင့်သာ တိုက်ရိုက်သက်ဆိုင် ကြောင်း ဝန်ကြီးဒေါက်တာစိုးသန်းကပြောသည်။
ဖြိုးလွင်အောင်(AMIA)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger