www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 29, 2018

မိုးတွင်းကာလ အတွင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှု ယခင်လများထက် လျော့နည်း

မိုးတွင်းကာလ အတွင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှု ယခင်လများထက် လျော့နည်း
-
မောင်တော အောက်တိုဘာ ၂၈
-
ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့မှု ပမာဏမှာ မိုးတွင်း ကာလ အတွင်း၌ ယခင်လများထက်လျော့နည်း လျက်ရှိနေကြောင်း မောင်တောကုန်သည် ကြီးများအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်စံ သိန်းထံမှ သိရသည်။
-
 မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုပမာဏမှာ သြဂုတ်လပိုင်းအတွင်းက အမေရိကန် ဒေါ်လာ ၈၈ဝဝ၁ဝ ဒသမ ၈ဝ အထိတင်ပို့နိုင်ခဲ့သော်လည်း စက်တင်ဘာလတွင် ကုန်စည် တင်ပို့နိုင်မှု ပမာဏ အမေရိကန်ဒေါ်လာ ၆၃၇၆၈၉ ဒသမ ၃၅၂ သာ တင်ပို့နိုင်ခဲ့သည်။ 
-
''မိုးရာသီဖြစ်နေတာက တစ်ကြောင်း၊ ဒေါ်လာဈေးတက်တာက တစ်ကြောင်းနဲ့သက်ဆိုင်သလို လမ်းပန်း ဆက်သွယ် ရေးနဲ့ လည်းဆိုင်ပါတယ်။ ဒါကြောင့် အရင်နှစ်လ မှာတော့ ကုန်သွယ်မှု တစ်လထက်တစ်လ လျော့ကျနေတာဖြစ်ပါ တယ်။ ပွင့်လင်းရာသီ ရောက်ရင်တော့ ကုန်စည်တင်ပို့မှုပမာဏ ပိုမိုမြင့်တက်လာမှာပါ''ဟု မောင်တောကုန်သည် ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံ သိန်းက ပြောသည်။
-
 မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ယခုလအတွင်း အဓိကပို့ကုန်များအနေဖြင့် လယ်ယာထွက်ကုန်များဖြစ် သည့် ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ချင်းအစို၊ မန်ကျည်းသီး အစိမ်း၊ တညင်းသီး၊ နနွင်း၊ မြေပဲအခွံပါ၊ ဆီးသီးခြောက်၊ ကွမ်းသီး၊ ငါးမြစ်ချင်း၊ ငါးနီတူ ခြောက်၊ ငါးလေးခြောက်၊ ဝါးများနှင့် ဆီးယိုထုပ် စသည့် ကုန်ပစ္စည်းများ တင်ပို့လျက်ရှိ ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger