-
သီပေါ အောက်တိုဘာ ၂၈
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်လုံးဆိုင်ရာ နှစ်စဉ်မပျက် ကျင်းပမြဲဖြစ်သော (၁၂၃)ကြိမ်မြောက်စာရေးတံမဲနှင့် သံဃဒါန ဆွမ်းကြီးလောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး ပရဝဏ်၌ ကျင်းပသည်။
-
ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ သံဃဒါန ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပရေး ဦးစီးကော်မတီက ကြီးမှူးပြီး သံဃာတော် ၁၆၇၇ ပါးတို့အား ရပ်ကွက်/ကျေးရွာများမှ စေတနာရှင်ပြည်သူများက ပဒေသာပင်ပေါင်း ၁၇၆၅ ပင် တန်ဖိုးငွေကျပ် ၁၁၄၈၆၉ဝ၆၇ တန်ဖိုးရှိ လှူဖွယ်ဝတ္ထုပစ္စည်းများကို စာရေးတံမဲ (မဟာဒုက်)ဖောက်ကာ ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူခဲ့ကြသည်။
-
ထို့နောက် မဟာမြတ်မုနိဘုရားကြီး ရင်ပြင်တော်ပေါ်၌ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တ မိလိန္ဒအရှင်သူမြတ်ထံမှ သြဝါဒကထာနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တာဝန်ရှိသူများက သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment