www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 29, 2018

မီဒီယာရဲ့ဖုံးကွယ်မှု နောက်မှာပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲမှ ဆွေးနွေးမှုများ

မီဒီယာရဲ့ဖုံးကွယ်မှု နောက်မှာပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲမှ ဆွေးနွေးမှုများ
ယမန်နေ့မှအဆက်

မစ္စတာရစ်ဟိုက်ဇမန်း - သိပ်မကြာသေးတဲ့ အချိန်ကတည်းက ရခိုင်ပြည်နယ်မှာ အမျိုးမျိုး သော အကြမ်းဖက် အဖွဲ့အစည်းတွေ တည်ရှိ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက RSO၊ ရခိုင်စည်းလုံးညီညွတ်မှု အဖွဲ့အစည်း ဆိုပြီးရှိခဲ့ပါတယ်။ အဲဒီနောက် အကြမ်းဖျင်း အားဖြင့် ၂ဝ၁၆ ခုနှစ်မှာ ARSA အဖွဲ့ ပေါ်ပေါက်လာပါတယ်။ အောက်တိုဘာလ ၉ ရက်မှာတော့ ရဲစခန်းသုံးခုနဲ့ တပ်စခန်း တစ်ခုတို့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အတိုက်ခံခဲ့ရပါတယ်။ အရင်တုန်းက ဒီလိုမျိုး တိုက်ခိုက်ခံရမှု မရှိပါဘူး။ ဒီလို ပူးပေါင်း တိုက်ခိုက်မှုလုပ်တဲ့အခါ သူတို့မှာ လက်နက်တွေနဲ့ သေနတ်တွေ ပါလာပါတယ်။  အံ့သြစရာကောင်းတာက အဲဒီရဲကင်းစခန်းတွေ မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် အများအပြားကို သတ်ဖြတ်သွားနိုင်တာကြောင့် သေနတ်တွေနဲ့ ခဲယမ်းအများအပြားကိုလည်း ယူဆောင်သွား နိုင်ခဲ့ပါတယ်။
အခု ARSA နဲ့ပတ်သက်ပြီး ပထမဆုံး ပြောရမယ်ဆိုရင ARSA ဆိုတာ အာရပ် ဘာသာစကားအရ ဟာရာကာ အယ်ယာကင် ဆိုတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ တိုက်ခိုက် မှုတွေလုပ်တဲ့ ၂ဝ၁၆ ခုနှစ်မှာတော့ အဲဒီနာမည်က သူတို့အဖွဲ့အတွက် နာမည်ဖြစ်သွား ပါတယ်။ ဒါပေမဲ့ လပေါင်းများစွာကြာပြီးတဲ့ အခါမှာ သူတို့ဟာ အာရကန် ရိုဟင်ဂျာကယ် တင်ရေး တပ်မတော် ARSA ဆိုပြီး နာမည်ပြောင်းလိုက်ပါတယ်။ ဒီလိုပြောင်းလဲလိုက်ခြင်းဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်နေတဲ့ အာရပ်စကားလုံးကို လိမ္မာပါးနပ်စွာ ဖယ်ရှား လိုက်တာဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့က နာမည်ကို ပျော့ပျောင်းအောင် လုပ်ပြီး အာရ ကန်ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အဖွဲ့နာမည်ထဲမှာ ထည့်သွင်းလာတာဖြစ်ပါတယ်။
အတ္တာအူလာက အဲဒီအဖွဲ့ကို အုပ်ချုပ်စဉ် ကာလက သူ့ရဲ့ရေရှည်စီမံကိန်းနဲ့အတူ လူ တွေကို အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုခေါင်းဆောင် တစ်ယောက်လို့ မထင်ပါဘူး။ အတ္တာအူလာဟာ ပါကစ္စတန်မှာမွေး၊ ဆော်ဒီအာရေဗျမှာ ကြီးပြင်းပြီး   ဘာသာရေးကျောင်းတွေကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ့အဖေက ရခိုင်ကဖြစ်ပြီး အမေကတော့ ပါကစ္စတန်က ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဒီနယ်မြေကို ပြန်လာပြီး ဒီဒေသက လူတွေအတွက်တော့ ရော်ဘင်ဟုလို လူစားမျိုးဖြစ်ပါတယ်။ ဒီလူတွေက သူ့နောက်ကွယ်မှာ စည်းရုံးမှုတွေလုပ်ပါတယ်။ သူက ငွေထုတ်ပေးတယ်။ လေ့ကျင့် မှုတွေလုပ်တယ်။ ဒီလူတွေကိုသင်ပေးမယ့် သင်တန်းဆရာတွေကို သူကသင်တန်းပေးတယ်။ သူနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီမှာတိုက်ခိုက်မှုတွေ လုပ်ဖို့အတွက် ဒါမှမဟုတ် လေ့ကျင့်မှုတွေပေးဖို့အတွက် ရောက်လာတဲ့အချိန်မှာ သူနေထိုင် တဲ့ကျေးရွာကို   ကျွန်တော်သွားရောက်ခဲ့ပါတယ်။ အဲဒီကျေးရွာကတော့ ကျွန်တော်တို့ အခေါ်အရ ကိုးတန်ကောက်ကျေးရွာပဲ ဖြစ်ပါတယ်။ ဒီကျေးရွာက  မောင်တောမြို့ရဲ့ တောင်ပိုင်းစွန်းမှာရှိပါတယ်။ တကယ်တမ်းကျတော့ ရသေ့တောင်ဒေသထဲမှာ ပါဝင်ပါတယ်။ အံ့သြဖို့ကောင်းတာက သူဟာမြောက်ပိုင်းရှိ    ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသမှာ ရောက်နေတယ်လို့ထင်ပြီး နေထိုင်နေတာဖြစ်ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ပြောင်းပြန်ပါပဲ။ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်တုန်းက ကျွန်တော်ဟာ အဲဒီကျေးရွာရဲ့ ဗုဒ္ဓဘာသာဝင်တွေနေတဲ့ ဘက်မှာနေထိုင်ခဲ့ပါတယ်။   ဗုဒ္ဓဘာသာဝင်တွေနေတဲ့ ဘက်နဲ့  မူဆလင်တွေနေတဲ့ဘက်ဟာ ကြားထဲမှာ   ကီလိုမီတာ အနည်းငယ်ကွာ ဝေးပါတယ်။ မူဆလင်ဘက်ခြမ်းမှာဆိုရင် အပြည့်အဝ ကာကွယ်ထားပါတယ်။ ဘယ်ဗုဒ္ဓဘာသာဝင်ကမှ အဲဒီဘက်ခြမ်းကိုမကပ်နိုင်ပါဘူး။ ဒါကြောင့် အတ္တာအူလာကသူ့ရဲ့ ဌာနချုပ်ကို အဲဒီမှာ အခြေစိုက်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုတွေဖြစ် တော့ မြန်မာ့တပ်မတော်က အဲဒီကျေးရွာမှာရှိတဲ့ အကြမ်းဖက်သမားတွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်   အတ္တာအူလာ အခြေချနေတဲ့ ကျေးရွာမှာ အလွန်တော်တဲ့ တိုက်ခိုက်ရေး သမားတွေ နေထိုင်ပြီး သူတို့မှာ ခေတ်မီလက်နက်တွေလည်း ရှိလို့ဖြစ်ပါတယ်။
ဒေါက်တာအေးချမ်း - ကျေးဇူးတင်ပါတယ်။ နောက်တစ်ခု ပြောချင်တာက အခုကိစ္စဟာ အင်မတန် အရေးကြီးတဲ့အတွက် ကျွန်တော်တို့ ဆွေးနွေးရမယ်လို့ ထင်ပါတယ်။ဘာလဲ ဆိုတော့ ကျွန်တော်တို့ကို နိုင်ငံတကာ အသိုင်းအဝိုင်းက အထင်အမြင် လွဲမှားနေပါတယ်။ ရခိုင်ပြည်နယ်မှာ ဘယ်အချိန်မဆို အကြမ်းဖက်မှုဖြစ်လိုက်ရင် နိုင်ငံတကာ မီဒီယာတွေ၊ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ၊ အထူးသဖြင့် အနောက်နိုင်ငံတွေဘက်က ဖြစ်တဲ့ ကုလသမဂ္ဂနဲ့ UNHCR လိုမျိုး အဖွဲ့တွေက ဒီပဋိပက္ခကို လူ့အခွင့်အရေး ချိုးဖောက်မှု အဖြစ်ဖော်ပြကြပါတယ်။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကိုတောင်မှ  လူမျိုးရေးခွဲခြား ဆက်ဆံသူတွေ၊ ကုန်သည်တွေကို မုန်းတီးသူတွေ၊ မြန်မာအစိုးရကို မုန်းတီးသူတွေအဖြစ် တံဆိပ်တပ်ကြပါတယ်။ အခု မစ္စတာဟိုက်ဇမန်း သိတဲ့အတိုင်းပဲ ရခိုင်လူမျိုး အသိုင်းအဝိုင်းနဲ့ ဘင်္ဂါလီအသိုင်းအဝိုင်းတို့ဟာ ရုပ်ပိုင်းဆိုင်ရာအရသော် လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အရသော် လည်းကောင်း အနည်းနဲ့အများ ပျက်စီးယိုယွင်းနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့က ဘင်္ဂါလီ အသိုင်းအဝိုင်း တစ်ဖက်တည်းကိုပဲ ဦးတည်ပြီးပြောဆို ဆွေးနွေးနေပါတယ်။ တစ်ဖက်မှာဆိုရင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက လိုရာဆွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ရရှိနေပါတယ်။ တကယ့်ကိုလိုရာဆွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။ မြန်မာ့တပ်မတော် နဲ့ ရဲတပ်ဖွဲ့လိုမျိုး နိုင်ငံတော်ရဲ့အဓိက အစိတ်အပိုင်းတွေ ပျက်စီးယိုယွင်းနေတယ် ဆိုပြီး ဖော်ပြမှုတွေ လုပ်လာပါတယ်။ ဒီနိုင်ငံထဲမှာနေတဲ့ ကျွန်တော်တို့အားလုံးက ဒီဖော်ပြမှု တွေဟာ လိုရာဆွဲပြောဆိုမှုတွေဆိုတာကို သိထားကြပါတယ်။ ဒါကြောင့် သူတို့ရဲ့အဓိက ရည်ရွယ်ချက်က   ဘင်္ဂါလီဒုက္ခသည်တွေအတွက် ပရဟိတ ဖန်တီးပေးဖို့နဲ့ သူတို့ကို ထောက်ပံ့ပေးမယ့် လူမှုရေးအဖွဲ့အစည်းတွေ များသည်ထက် များလာအောင်လုပ်ဖို့လို့ မစ္စ တာဟိုက်ဇမန်း အနေနဲ့ထင်ပါသလား။
မစ္စတာရစ်ဟိုက်ဇမန်း - ကောင်းပါတယ်။ ဒီမေးခွန်းက ကျွန်တော့်အတွက် တကယ် ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ မူဆလင်မီဒီယာတွေ ရှိပါတယ်။ အလွန်ကို ကြီးမားပါတယ်။ သူတို့က အာရပ်ဘာသာစကား၊ ဘင်္ဂါလီဘာသာစကား၊ အူရဒူဘာသာ စကား ဒါမှမဟုတ် အစ္စလာမ်မစ်ဘာသာ စကားတွေနဲ့ ပြောဆိုထုတ်လွှင့်နေတာဖြစ်ပါတယ်။ လူတွေက ဒါကိုသဘောမပေါက်ပါဘူး။ ဘာကြောင့်လဲဆိုရင်  ကျွန်တော်တို့က ဒီမီဒီယာတွေရဲ့ ထုတ်လွှင့်ချက်တွေကို  ဖတ်ရှုခြင်းမရှိ၊   ကြည့်ရှုခြင်း မရှိလို့ဖြစ်ပါတယ်။ သိသာတဲ့ အချက်ကတော့ ကျွန်တော်တို့က ဒီဘာသာစကားတွေကို နားမလည်လို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမီဒီယာတွေက ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာ ဗုဒ္ဓဘာသာကို ခြိမ်းခြောက် မှုတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ကျွန်တော့်အနေနဲ့ ဒီမီဒီယာတွေကို လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးသော အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ ဒီမီဒီယာတွေက ဖော်ပြပြီး ဗုဒ္ဓဘာသာဝင်တွေကို တွေ့တဲ့နေရာမှာ ဖယ်ရှားရှင်းလင်းဖို့ တောင်းဆိုထားပါတယ်။
အခုပြောနေတာဟာ  တကယ့်အမှန်တရားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလို မူဆလင်မီဒီယာတွေကို ထဲထဲဝင်ဝင် သုတေသနပြု လေ့လာခဲ့ပါတယ်။ မူဆလင်ဘာသာ ရေး ဆရာတွေနဲ့ တခြားသူတွေရဲ့ပြောဆိုမှု ဘာသာပြန် အများအပြားကိုလည်း ရရှိခဲ့ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်မြို့ထဲမှာ ဂျူးတွေကိုထားဖို့ မကြာခဏ လုပ်ဆောင်ပါတယ်။ အထူးသဖြင့် အီရန်မှာဆိုရင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ဂျူးတွေကို တန်းတူထားပါတယ်။ ဒါကအီရန်နိုင်ငံရဲ့ အရိုးစွဲနေတဲ့ ပုံစံဖြစ်ပါတယ်။ သူတို့မှာရှိတဲ့ မုန်းတီးမှုကလည်း မယုံ နိုင်လောက်အောင် များပြားပါတယ်။ ဒီကိစ္စတွေက မကြာသေးမီကဖြစ်ပွားတဲ့ တိုက်ခိုက် မှုတွေ မတိုင်မီဖြစ်ပါတယ်။
မူဆလင်မီဒီယာတွေကနေ တစ်ဆင့် သူတို့ ရဲ့ မူဆလင်ကမ္ဘာ အကြောင်းကို သိရှိနိုင်ပါတယ်။ ကုလသမဂ္ဂမှာဆိုရင် မူဆလင်နိုင်ငံတွေက တော်တော်ကလေး စည်းရုံးပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကို အတိုက်အခံ လုပ်ရာမှာလည်း  ညီညွတ်ကြပါတယ်။ ဒီမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အပြစ်တင် ရှုတ်ချဖို့ နောက်ကွယ်မှာ စည်းရုံးလှုံ့ဆော်မှုတွေကိုလည်း မကြာခဏလုပ်ပါတယ်။ မြန်မာ့တပ်မတော်က  အဓမ္မပြုကျင့်မှုတွေ လုပ်နေတယ်ဆိုပြီး ကုလသမဂ္ဂက ရန်မူတဲ့ အနေအထားတွေနဲ့ တံဆိပ်တပ်ဖို့ပြင်ဆင်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။   ကုလသမဂ္ဂ ကိုယ်၌ကလည်း နောက်ကွယ်မှာ မကောင်းသတင်းတွေနဲ့ ကျော်စောနေတာဖြစ်ပါတယ်။ မှန်ကန်တဲ့ သတင်းအရင်းအမြစ်တွေရဲ့  ခန့်မှန်းချက်အရ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကုလသမဂ္ဂရဲ့ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွေက အဓမ္မပြုကျင့်မှု ၆ဝဝဝဝ ကျော် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကိုလည်း ငြိမ်းချမ်းမှုထိန်းသိမ်းရေး  လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်၊  မလေးရှား၊  ပါကစ္စတန်နဲ့ တူရကီနိုင်ငံတို့မှ စစ်သည်တွေက အတည်ပြုထားပါတယ်။ဒီနိုင်ငံတွေဟာဆိုရင် ကုလသမဂ္ဂအတွက်    ပြဿနာနိုင်ငံတွေ ဖြစ်ပါတယ်။
ဒါ့ပြင် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ဟာဆိုရင်လည်း  မကောင်းသတင်းနဲ့ ကျော်ကြားတဲ့   တစ်ဖက်စောင်းနင်း အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီလိုတစ်ဖက်စောင်းနင်း ဖြစ်မှုကပဲ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခု ဆိုရင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကိုယ်တိုင် အလွန်ကို တစ်ဖက်စောင်းနင်းဖြစ် တဲ့ အဖွဲ့အစည်းဖြစ်လာပါပြီ။ ဒီအဖွဲ့အစည်း ကဆော်ဒီအာရေဗျ ပေးအပ်တဲ့ ငွေကြေးအကူ အညီနဲ့ လှူဒါန်းမှု အများအပြားကို လက်ခံရရှိထားပါတယ်။ သူတို့ဟာ တရားရုံးတွေကနေ ငွေစာရင်းတွေပြသဖို့ အမိန့်မပေးမချင်း ငြင်းဆိုနေဦးမှာဖြစ်ပါတယ်။
မူဆလင်တွေဟာဆိုရင် ဆော်ဒီအာရေဗျနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကနေ ရန်ပုံငွေ အမြောက်အမြား ရရှိပါတယ်။ ဒါဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့လုပ်ဆောင်နေတဲ့၊ လုပ်ဆောင်ပြီးတဲ့ အရာဖြစ်ပါတယ်။ ဒီလိုဖြစ် စဉ်ဟာ ၂ဝ၁၂ ခုနှစ်မှာ ပိုပြီးထင်ရှားလာပါ တယ်။ ၂ဝ၁၂ ခုနှစ်အကြမ်းဖက် တိုက်ခိုက်မှုကို လူ့အခွင့်အရေး အဖွဲ့ကစပြီး သတင်းထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ သူတို့က ၂ဝ၁၂ ခုနှစ် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တဲ့ အခါမှာ ''ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေ ရဲ့မီးရှို့ဖျက်ဆီးမှု ခံရတဲ့ မူဆလင်ကျေးရွာများ''ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ မျက်နှာဖုံးဓာတ် ပုံနဲ့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သူတို့ပြောတဲ့ရွာကို ကျွန်တော်သိပါတယ်။ အဲဒီရွာကိုလည်း ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အထင်နဲ့အမြင် တခြားစီဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ သူတို့က ဓာတ်ပုံပါအကြောင်း အရာကို အဓိပ္ပာယ် ပြောင်းပြန်ယူပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တကယ်တော့ အဲဒီ ကျေးရွာက ဗုဒ္ဓဘာသာဝင်တွေရဲ့ ကျေးရွာသာဖြစ်ပါတယ်။ ကျွန်တော်အဲဒီကျေးရွာကို သုံးကြိမ်တိုင်တိုင် သွားခဲ့ပါတယ်။ ဓာတ်ပုံပါ ကျေးရွာကလူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်တဲ့အခါမှာ လူသိများတဲ့  ဗုဒ္ဓဘာသာဝင် ကျောင်းဆရာ မောင်ချမ်းသာ အဲဒီအချိန်တုန်း က အသတ်ခံရတဲ့ကိစ္စကို သူတို့မသိပါဘူး။ မောင်ချမ်းသာနဲ့ သူ့ဇနီးဟာဆိုရင် ဘင်္ဂါလီ ကလေးငယ်တွေကို စာသင်ပေးဖို့အတွက် သူတို့ရဲ့ဘဝကို ပေးအပ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘင်္ဂါလီတွေက မောင်ချမ်းသာကို သတ်ဖြတ်ပြီး ကျေးရွာကို မီးတင်ရှို့ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြီးမားဆိုးရွားတဲ့ မှားယွင်း မှုဖြစ်ပါတယ်။ သူတို့က ဒီဓာတ်ပုံကို ခွင့်ပြုချက်မရှိဘဲ ရယူခဲ့ပါတယ်။ ဒီဓာတ်ပုံကိုရိုက် တဲ့သူကိုလည်း ကျွန်တော်သိပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာအမှန်တရားကို ပြောင်းပြန်လှန်ပြီး တလွဲဘာသာပြန် ရေးသားဖော်ပြ ခဲ့ပါတယ်။
သိတဲ့အတိုင်းပဲ။ လူတွေဟာပဋိပက္ခဖြစ်စဉ် တစ်ခုနဲ့ပတ်သက်ပြီး ပထမဆုံးကြားရတဲ့ စကားကိုသာ ထုံးစံအတိုင်း ယုံကြည်လိုက်ကြပါတယ်။ ၂ဝ၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက် မှုတွေစတင်ဖြစ်ပွားပြီးတဲ့အချိန်မှာ သတင်းထုတ်ပြန်ချက်တွေအားလုံး တစ်ဖက်စောင်း နင်းဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီသတင်း ထုတ်ပြန်ချက်တွေဟာ အယ်ဂျား ဇီးရားလိုမျိုး မူဆလင် မီဒီယာတွေဆီကနေ ထွက်ပေါ်လာလို့ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်း သားတွေရဲ့အသံကတော့ အဲဒီမီဒီယာတွေဆီမှာ ပျောက်ဆုံးသွားပါတယ်။ ဒီတော့ လူ တွေဟာ ပဋိပက္ခတစ်ခုနဲ့ ပတ်သက်ပြီး ပထမဆုံး ကြားသိရတဲ့ ထင်မြင်ချက်ကသာ သူတို့နဲ့ သဟဇာတဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ မီဒီယာတွေက သတင်းအမှားတွေကို ထပ်ခါထပ်ခါ ထုတ်လွှင့်လာပါတော့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး   ကျွန်တော့်အနေနဲ့ အယ်ဂျားဇီးရား သတင်းဌာနရဲ့ထုတ်ပြန်ချက်ကို စိစစ်လေ့လာခဲ့ပါတယ်။ အဲဒီမှာ ဘာတွေ့ရလဲဆိုရင် အယ်ဂျားဇီးရားက ထုတ်ပြန်တဲ့ဗီဒီယိုတွေမှာ အယူအဆဟောင်းများကို ထုတ်ပယ်ပြီး အယူအဆအသစ်များ ထည့်သွင်းတဲ့နည်း စနစ်ကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဒီဗီဒီယိုတွေကို သာမန်မြင်တွေ့ရတဲ့ နှုန်းထက် အဆ ၂ဝ လောက်နှေးပြီး ကြည့်ရှုမယ်ဆိုရင် သူတို့ဘာတွေ လုပ်နေလဲဆိုတာကို မယုံနိုင် လောက်အောင် မြင်တွေ့ရမှာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger