www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 8, 2018

သက်သတ်လွတ် စားသုံးသူများအတွက် အာဟာရပြည့်ဝသော ကျိုင်းတုံဒေသ အစားအစာ ရှမ်းဟင်းထုပ်



မြန်မာလူမျိုးတို့သည် ရှမ်းပြည်နယ် ကျိုင်းတုံဒေသ၏ ရှမ်းရိုးရာ အစားအစာ တစ်မျိုးဖြစ်သော ဟင်းထုပ်ကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်စားသုံးလေ့ ရှိကြသည်။ တချို့က ဟင်းထုပ်ကို ကြက်သွန် မြိတ်တစ်မျိုးသာ ထည့်သွင်းအသုံးပြုပြီး စားသုံးကြသကဲ့သို့ တချို့က မုန်လာထုပ်၊ ငှက်ပျောဖူး၊ ကြက်သွန်ဖူး၊ ကြက်သွန်နီ တို့ကို ထည့်သွင်း၍ ပြုလုပ်စားသုံးကြသည်။ အဆိုပါဟင်းထုပ်ကို သက်သတ်လွတ် ပြုလုပ်စားသုံးနိုင်သကဲ့သို့ မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုး ထည့်၍လည်း ပြုလုပ်စားသုံးနိုင်သည်။
-
ရှမ်းဟင်းထုပ်သည် အသီးအရွက်များကိုသာ အဓိကထားပြီး ကော်မှုန့်၊ဆန်မှုန့်တို့ ထည့်သွင်း အသုံးပြုထားသဖြင့် ဘေးဥပဒ်ကင်းကာ အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ် သည့်အတွက် လူကြီးလူငယ်မရွေး စားသုံးနိုင်သည်။
-
ရှမ်းဟင်းထုပ်ပြုလုပ်မည် ဆိုပါက ကြက်သွန်မြိတ် ၁ဝ ကျပ် သား၊ ဆန်မှုန့် ၁ဝ ကျပ်သား၊ ကော်မှုန့် သို့မဟုတ် ကောက်ညှင်းမှုန့် စားပွဲတင်ဇွန်းသုံးဇွန်း၊ဆီ၊ချင်း၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ဆား၊နနွင်းမှုန့်၊ရေနှင့် ငှက်ပျောဖက်တို့ လိုအပ်သည်။ငါး ဟင်းထုပ်ပြုလုပ်မည် ဆိုပါက ငါးအသားပြား အရိုးထွင်ပြီးသားကို လိုသလောက်ပြင်ဆင် ထားရမည်ဖြစ်ပြီး တွဲဖက်စားသုံးရန် ကြက်သွန်ဖြူဆီချက်၊ ဂျူးမြစ်၊ ငရုတ်သီးကြော်တို့ကိုလည်း ပြင်ဆင်ထားရန် လိုအပ်သည်။
-
ရှမ်းဟင်းထုပ်ပြုလုပ်ရန် ဦးစွာ ကြက်သွန်မြိတ်ကို ရေဆေးသန့်စင်ပြီး လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။ ယင်းနောက် ပြင်ဆင်ထားသော အထက်ပါ ပါဝင်ပစ္စည်းများကို ဇလုံတစ်ခု၌ထည့်၍ ရေကို ဖြည်းဖြည်းချင်း ထည့်ပြီးနယ်ပေးပါ။ ငှက်ပျောဖက်ကို မီးကင်၍ သန့်ရှင်းကာ ကတော့ပုံစံပြုလုပ်ပြီး နယ်ထားသောမုန့်နှစ်ကို ထည့်ပေးရမည်။ ပြီးလျှင် ငါးထည့်ပြီး အဖုံးလုံအောင်ပိတ်ကာ ပေါင်းခံအိုး၌ ထည့်၍ မီး ပြင်းပြင်းဖြင့် နာရီဝက်ခန့်ပေါင်းပြီး ကြက်သွန်ဖြူဆီချက်၊ ဂျူးမြစ်၊ငရုတ်သီးကြော်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ကြောင်း ရှမ်းဟင်းထုပ်ပြုလုပ် နည်းကိုဝေမျှသည့် မအေးနော် ကပြောသည်။
-
ရှမ်းဟင်းထုပ်သည် ကျိုင်းတုံဒေသရိုးရာဟင်းထုပ်ပုံစံဖြစ်၍ ပြုလုပ်ရလွယ်ကူပြီး အချိန်ကုန် သက်သာစေသည့်အတွက် သက်သတ်လွတ် စားသုံးသူများ အနေဖြင့် အိမ်တွင် အလွယ်တကူပြုလုပ် စားသုံးနိုင်ရန် တင်ပြလိုက်ရပါသည်။ ။

-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger