www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 8, 2018

တက္ကသိုလ်လှေလှော်အသင်း မလေးရှား တက္ကသိုလ် လှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု ဆွတ်ခူး



ရန်ကုန် အောက်တိုဘာ ၇
-
မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၃ ရက်မှ ၆ ရက်ထိကျင်းပသည့် တက္ကသိုလ် လှေလှော်ပြိုင်ပွဲ (Varsity Boat Race 2018) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု ရရှိခဲ့သော နိုင်ငံကိုယ်စားပြု တက္ကသိုလ်လှေလှော် အသင်းသည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
-
အဆိုပါပြိုင်ပွဲတွင် အမျိုးသား တစ်ယောက်လှော်၊ အမျိုးသမီး တစ်ယောက်လှော်၊ အမျိုးသားနှစ်ယောက်လှော်၊အမျိုးသမီးနှစ်ယောက်လှော်၊ အမျိုးသား လေးယောက်လှော်၊ အမျိုးသမီးလေးယောက်လှော်၊ အမျိုးသားရှစ်ယောက်လှော် ပြိုင်ပွဲအမျိုးအစားများ ပါဝင်ပြီး ယင်းပြိုင်ပွဲအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ ကိုယ်စားပြု တက္ကသိုလ်လှေလှော်အသင်းအနေဖြင့် အမျိုးသမီးနှစ်ယောက်လှော် ပြိုင်ပွဲတွင် ပန်ပြည့်ပြည့်လွင်နှင့် နှင်းအိဝေ အောင်တို့အတွဲက ပထမ၊ မလေးရှားက ဒုတိယ၊ ဖိလစ်ပိုင်က တတိယ၊ အမျိုးသား နှစ်ယောက်လှော်ပြိုင်ပွဲတွင် မလေးရှားက ပထမ၊ ဖိလစ်ပိုင်ကဒုတိယ၊ ဆန်းမင်းထူးနှင့် အောင်သူဟိန်းတို့က တတိယ၊အမျိုးသမီး တစ်ယောက်လှော် ပြိုင်ပွဲတွင် မလေးရှားက ပထမ၊ ဟောင်ကောင်က ဒုတိယ၊ နှင်းစုဝေက တတိယ၊ အမျိုးသမီး လေးယောက်လှော်ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုကို မလေးရှား၊ မေဇင်သန်း၊ ယွန်းမြတ်သွယ်၊ နန့်ငြိမ်းငြိမ်းစံနှင့် မေသင်္ကြန်တို့က တတိယ အသီးသီး ရရှိခဲ့ကြပြီး တက္ကသိုလ်လှေလှော် အသင်းသည် စုစုပေါင်း ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု ရရှိခဲ့သည်။
-
အဆိုပါပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ကိုလံဘို၊ မြန်မာနှင့် အိမ်ရှင် မလေးရှားနိုင်ငံတို့မှ ကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger