www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 4, 2018

ဝယ်လိုအား ကျဆင်းခြင်းကြောင့် ရန်ကုန်မြို့၌ အဆောက်အအုံအသစ်များ ထပ်မံတည်ဆောက်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ စိတ်ဝင်စားမှု နည်းပါးလာ

ရန်ကုန် အောက်တိုဘာ ၃
-
ရန်ကုန်မြို့၌  တိုက်ခန်းဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် အဆောက်အအုံအသစ်များ တည်ဆောက်ရန် စိတ်ဝင်စားမှု နည်းလာကြောင်း သိရသည်။
-
လတ်တလောတွင်    ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့်   ပြည်သူများက နေထိုင်ရန် လာရောက်အပ်နှံသော လုံးချင်းအဆောက်အအုံများကိုသာ  လက်ခံတည်ဆောက်ပေးနေပြီး အိမ်နှင့်မြေပိုင်ရှင်တို့ဖြင့်  အကျိုးတူပူးပေါင်း တည်ဆောက်မှုသည် ယခင်နှစ်များနှင့် ယှဉ်ပါက ယခုနှစ်တွင် ထက်ဝက်နီးပါး လျော့ကျနေရာ  ဈေးကွက်ရှိသည့်  ရန်ကုန်မြို့လယ်ကောင် မြို့နယ်များ၌သာ တည်ဆောက်ပြီး မြို့စွန်မြို့နယ်များ၌  တည်ဆောက်မှု ရပ်နားထားကြောင်း သိရသည်။
-
''အဆောက်အအုံတစ်ခု တည်ဆောက်ဖို့ ဆိုတာက ငွေကျပ်သိန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး လုပ်ရတာပါ။မရောင်းရဘူးဆိုရင်  ငွေကြေးအရင်းအနှီး များစွာပိတ်မိမယ့် အနေအထားမှာ ရှိနေတာကြောင့် အဆောက်အအုံ အသစ်တွေ ကိုဆောက်လုပ်ဖို့ စိတ်ဝင်စားမှု နည်းနေကြတာပါ။ အဝယ်မရှိဘဲနဲ့တော့ ဘယ်သူကမှ အရဲစွန့်ပြီး အရှုံးခံ မဆောက်ဘူး။ ဒေါ်လာဈေးမြင့်တက်နေမှု အခြေအနေကလည်း    အဆောက်အအုံအသစ်တွေ တည်ဆောက်ဖို့ စိတ်ဝင်စားမှု နည်းစေတယ်။
-
ဝယ်ယူရတဲ့ကုန်ကြမ်းတချို့က ပြည်ပက တင်သွင်းရတာတွေဆိုတော့  ဒေါ်လာဈေး တက်နေတော့ ကုန်ကြမ်းဈေးပါ တက်လာတာ။ တည်ဆောက်ပြီးလို့  အခန်းတွေပြန်ရောင်းမယ် ဆိုတော့လည်း ဈေးတအား မြင့်နေတော့ အခက်အခဲရှိတယ်။  ဝယ်ကြမှာမဟုတ်ဘူးလေ။ ဒါကြောင့်   လတ်တလောမှာတော့   အဆောက်အအုံအသစ်တွေ တည်ဆောက်ဖို့ အတော်စဉ်းစားနေရတယ်။ စိတ်ဝင်စားမှု  မရှိသလောက်ပါပဲ'' ဟု  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  မောင်မောင်ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ကိုမောင်မောင် ကပြောသည်။
-
ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့် ပွင့်လင်းရာသီရောက်မှသာ အဆောက်အအုံ အသစ်များ ပြန်လည်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger