www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 8, 2018

ကျိုင်းတုံမြို့နယ် ပန်ကွဲကျေးရွာ ဗုဒ္ဓဥယျာဉ်ရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး၌ လုပ်အားဒါန ပြုလုပ်


နေပြည်တော် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်တွင် တည်ထား ကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး၏ အောက်ခံခုံတုံးသံကူ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အဆိုပါ စေတီတော်မြတ်ကြီး၌ သံဃာတော်များက အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။

မဟာဗောဓိ စေတီတော်မြတ်ကြီး၊ အောက်ခံခုံတုံး သံကူကွန်ကရစ်လောင်းခြင်းကို ကျိုင်းတုံတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍လုပ်အားဒါနအဖြစ် ပါဝင်ဆောင်ရွက်ကြသည်။

အဆိုပါ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် အတွက် မေ ၁၅ ရက်တွင် ရတနာပန္နက်တော်တင်၊ တွင်းတော်ဝန်း မဟာမင်္ဂလာကို ပြုလုပ်ခဲ့ပြီး စေတီတော်မြတ်ကြီးအား ဉာဏ်တော် ၁ဝ၈ ပေဖြင့် တည်ထား ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger