www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 8, 2018

ရွှေပြည်သာမြို့နယ်၌ ကျည်ဆန်ဟောင်းများ တွေ့ရှိ သိမ်းဆည်းရမိ



နေပြည်တော် အောက်တိုဘာ ၇
-
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂)ရပ်ကွက်၊ နွယ်သာကီလမ်းနှင့် အင်ကြင်းလမ်းထောင့်ရှိ အမှိုက်ပုံ၌ ကျည်ဆန်များ ထည့်ထားသော အိတ်တစ်လုံး တွေ့ရှိကြောင်း သတင်းအရ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပွိုင့် ၃ဝ ကာဘိုင်ကျည် ၂၇၇ တောင့်နှင့် ပွိုင့် ၃ဝ၃ ရိုင်ဖယ်ကျည် ၃ဝ တောင့်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
-
အဆိုပါသိမ်းဆည်းရမိ ကျည်ဆန်များအား ရွှေပြည်သာမြို့မ ရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger