www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2018

စစ်တွေမြို့ပေါ် ၌ ဆိပ်ကမ်းတံတားတစ်ခုဆောက်လုပ်လျက်ရှိ


စစ်တွေ အောက်တိုဘာ ၎
-
ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက်၌ မြို့ပြဧရိယာ ဖော်ထုတ်ရေး စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိုရီးယားကုမ္ပဏီ BXT က စီမံကိန်း ဆောင်ရွက် ရာတွင် လက်ခတ်လှေများဖြင့် ကုန်တင်ကုန်ချ လုပ်ငန်းလုပ်ကိုင်ကာ အသက် မွေးဝမ်း ကျောင်း ပြုလုပ်နေသည့် လှေသမားများ ဆိပ်ကမ်းကပ်ရန် နေရာအခက်အခဲ များဖြစ် ပေါ် နေခြင်းကြောင့် ဆိပ်ကမ်း တံတားတစ်ခု ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
-
''လှေအဖွဲ့တွေ ဆိပ်ကမ်းကပ်ဖို့ အဆင်ပြေအောင်လို့ ဆိပ်ကမ်းတံတားကို ဆောက်လုပ်ပေးမှာ ပါ။ အခု စဆောက်နေပါပြီ။ အလျားမီတာ ၃ဝ ရှိတဲ့ လှေ ၂၅ စင်း ကမ်းကပ် နိုင်တဲ့ ဆိပ်ခံ တံတားပုံစံလေး ဆောက်လုပ် ပေးမှာပါ''ဟု BXT ကုမ္ပဏီက ဆောက်လုပ် ရေးမန်နေဂျာ ဦးအောင်မျိုးသန့်က ပြောသည်။
-
အဆိုပါ BXT ကိုရီးယားကုမ္ပဏီသည် စစ်တွေမြို့ မိဇံရပ်ကွက်၌ မြို့ပြဧရိယာ ဖော်ထုတ်ရေး စီမံကိန်းကို အကောင်အထည် ဖော်နေသည့် ကုမ္ပဏီတစ်ခြုဖစ်ပြီး လှေသမားများ အခက်အခဲ ဖြစ်ပေါ်နေသောကြောင့် ဆိပ်ကမ်းတံတားတစ်ခု ဆောက်လုပ်လှူဒါန်း ခြင်းဖြစ် ကြောင်း သိရ သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger