www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2018

လွိုင်ကော်မြို့သို့ သွားရာလမ်း တစ်လျှောက်ရှိ ကျေးရွာများ၌ ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်များ ဖော်ဆောင်ရန်စီစဉ်


လွိုင်ကော်  အောက်တိုဘာ  ၎
-
ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ ကယားပြည်နယ်အစိုးရ အဖွဲ့၏ အထောက်အပံ့ဖြင့် ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်များဖော်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန(လွိုင်ကော်) တာဝန်ခံ ဦးအောင်ကျော်သူထံမှ သိရသည်။
-
 ယခုနှစ်များအတွင်း ကယားပြည်နယ်သို့  ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု မြင့်တက်လာသဖြင့် ရပ်ရွာလူထု အခြေပြု ခရီးစဉ်သစ်များကို ထပ်မံဖော်ဆောင်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်သစ် ဖော်ဆောင်ပေးနိုင်ပါက ယင်းဒေသရှိ  ကျေးရွာများ၌ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုဘဝမြှင့်တင်ရေးကို အထောက် အကူပြုစေမည် ဖြစ်သည်။ ယခုဖော်ဆောင်ပေးမည့် အစီအစဉ်များသည် မိုးဗြဲဆည်မှ  လွိုင်ကော်မြို့သို့သွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၌   ဖော်ဆောင်မည်ဖြစ်ပြီး ယခုနှစ်ခရီးသွား ရာသီတွင်လည်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လည်ပတ်နိုင်မည့်နေရာများကို တိုးချဲ့ဆောင်ရွက်ပေးထားကြောင်း သိရသည်။
-
''ဒီဒေသမှာ သဘာဝအလှအပတွေ အများကြီးရှိတယ်။  ဒါတွေနဲ့  ခရီးသွား ဧည့်သည်တွေကို  ဆွဲဆောင်နိုင်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့  တိုင်းရင်းသားတွေရဲ့ နေထိုင်ပုံဓလေ့တွေကိုလည်း လေ့လာနိုင်မယ်။ ဒါကြောင့် ကျေးရွာတွေမှာ ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်ကို  ဖော်ဆောင်ပေးဖို့ စီစဉ်တာပါ။ နောက်တစ်ခုက ဒေသခံတွေ အတွက်   အလုပ်အကိုင်တွေ ရရှိလာမယ်။
-
ကျေးရွာတွေအထိ ဝင်ရောက်ပြီး လေ့လာနိုင်ဖို့ ဖန်တီးပေးထားတဲ့အတွက် ခရီးသွားတွေ အတွက် အလှအပတွေကို ပိုလေ့လာနိုင်မှာပါ။  ဒီနှစ်ခရီးသွားရာသီမှာ ဒီကနေ အင်းလေးကို  စက်လှေနဲ့သွားနိုင်မယ့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်နေပါတယ်''ဟု ဦးအောင်ကျော်သူ ကပြောသည်။
-
လာမည့်ခရီးသွား ရာသီဖြစ်သည့် နိုဝင်ဘာလမှစ၍ မိုးဗြဲဆည်(ရေတံခါး)မှ ဖြတ်သန်း၍ အင်းလေးကန်သို့ စက်လှေခရီးစဉ်ဖြင့် သွားရောက်နိုင်ရန် ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger