www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ သာကေတ မြို့နယ်၌ပြုလုပ်

ရန်ကုန်  အောက်တိုဘာ  ၎
-
မြန်မာနိုင်ငံ   စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး  စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့်  ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်ရှိ မြကန်သာ ပန်းခြံရှေ့၌ ပြုလုပ်သည်။
-
''ဒီနေ့ပြုလုပ်တဲ့ပွဲကတော့ သာကေတမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေနဲ့ အရန်အဖွဲ့ဝင်တွေက တပ်မတော်ကို ထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက် လုပ်ဆောင်မှုတွေကို ဆန့်ကျင်ကြောင်း ငြိမ်ချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်ကို ဘာကြောင့်ထောက်ခံရလဲဆိုရင် ကမ္ဘာတည်ရှိနေသရွေ့ နိုင်ငံတွေရှိနေပါမယ်။ နိုင်ငံတွေရှိနေသရွေ့ တပ်မတော်ရှိနေပါမယ်။ တပ်မတော်စွမ်းမှ နိုင်ငံလည်းစွမ်းပါမယ်။ တပ်မတော်ရှိမှလည်း တိုင်းပြည် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါမယ်။ ဖွံ့ဖြိုးတိုးတက်တဲ့  နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ဖို့  အဓိက ကျတဲ့ တပ်မတော်ကို ထောက်ခံခြင်း ဖြစ်ပါတယ်'' ဟု သာကေတမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးမင်းဇော်(ငြိမ်း)က ပြောသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် သာကေတ မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင် ၃၁ဝ ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင် ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ  တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ တပ်မတော် အင်အား   ချိုးနှိမ်မှုမှန်သမျှတို့ လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည် စသည့်ဆိုင်းဘုတ်များ ကိုင်ေ-ဆာင်ပြီး တစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိ ရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခု အကြိမ်အပါအဝင် ၅၃ ကြိမ်၊  စုစုပေါင်း အင်အား  ၅၉၁၇၅၅ ဦးဖြင့်  ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger