www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 16, 2018

တံတားဦးမြို့နယ်၌ မြန်မာနိုင်ငံသားထံမှ ငွေကျပ်သိန်း ၄ဝ လိမ်လည်ထားသည့် ကင်မရွန်း နိုင်ငံသားနှစ်ဦး ဖမ်းဆီး ရမိ

နေပြည်တော် အောက်တိုဘာ ၁၅
-
တံတားဦးမြို့နယ် မန္တလေးလေဆိပ် ပြည်ပထွက်ခွာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ကောင်တာ၌  ယမန်နေ့ မွန်းလွဲ ၁ နာရီက Bangkok Airways လေ ကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်သို့ လိုက်ပါမည့် ခရီးသည်များအား စိစစ်ရာ ပြည်ပထွက်ခွာခွင့် တားဆီးရန် ညွှန်ကြားထားရှိသော အမည်မည်း (Black List) စာရင်းဝင် ကင်မရွန်းနိုင်ငံသား Mr. Albert Ndifon နှင့် Mr. Audu Sabo Ibrahim တို့ကို တွေ့ရှိသဖြင့် လေဆိပ် လဝက လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင် ဦးစီးအဖွဲ့က   လေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
-
ဖြစ်စဉ်မှာ မေ ၁၆ ရက် မွန်းတည့် ၁၂ နာရီက တွံတေးမြို့ ဈေးသစ်ရပ်ကွက်နေ ဦးဇော်မိုးလွင်သည် မြေနီကုန်းစင်တာ-၂ ကားရှော့ဘားဆိုင်၌ မော်တော်ယာဉ်ပြုပြင်နေစဉ် ကင်မရွန်းနိုင်ငံသား Mr. Albert Ndifon ပါ နှစ်ဦးရောက်ရှိလာပြီး ၎င်း၏ မော်တော်ယာဉ်အား သဘောကျ၍ ဝယ်ယူလိုကြောင်း ပြောသဖြင့်   ဖုန်းနံပါတ် ပေးခဲ့ကြောင်း၊ မေ ၁၇ ရက်တွင် ၎င်း၏နေအိမ်၌  နိုင်ငံခြားသားနှစ်ဦးနှင့် ကားအရောင်းအဝယ် ကိစ္စပြောစဉ် မရောင်းလိုကြောင်း ပြောဆိုရာ အဆိုပါ နိုင်ငံခြားသားနှစ်ဦးက ခြံပတ်ဝန်းကျင်ကိုကြည့်၍ စူပါမားကတ် ဖွင့်လိုကြောင်း၊ အကျိုးအမြတ်အား တစ်ဝက်စီ ခွဲယူမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ဒေါ်လာငွေများ မှာယူပြီးပါက ပြန်လည် ဆက်သွယ်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
-
မေ ၂၇ ရက်တွင် အဆိုပါ နိုင်ငံခြားသား နှစ်ဦးက ပိုက်ဆံများ ရပြီဖြစ်၍ သင်္ဘောဆိပ် သို့လာကြိုရန် ၎င်းအား ဖုန်းဆက်သဖြင့် သွားရောက်ကြိုဆိုခဲ့ကြောင်း၊ Mr. Albert Ndifon ပါနှစ်ဦးက ၎င်းတို့တွင်ပါရှိလာသည့် လက်ဆွဲသေတ္တာဖွင့်ကာ ဆေးဖြင့်စီမံထားသည့် အမေရိကန်အလံ တံဆိပ်ပါ အထုပ်များ အနက် ငွေစက္ကူငါးရွက်အား ဖန်ပုလင်းထဲမှ ဆေးစက်အနည်းငယ် ထည့်ပြီး ဆေးစိမ်ပြရာ ၁ဝဝ တန် အမေရိကန်ဒေါ်လာများ ဖြစ်နေ သည်ကို တွေ့ရှိရကြောင်း၊ ဦးဇော်မိုးလွင်က ထပ်မံပြသရန် ပြောဆိုရာ ပုလင်းထဲရှိဆေးများမှာ ခဲနေသဖြင့် ၎င်းတို့၏သံရုံးနှင့် ချိတ်ဆက်မှာယူရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ အိတ်အား သိမ်းဆည်းထားရန်ပြောဆိုပြီး ပြန်လည် ထွက်သွားခဲ့ကြောင်း၊ မေ ၃ဝ ရက် တွင် အဆိုပါနိုင်ငံခြားသားနှစ်ဦးက ၎င်းအား ဆေးရည်နှင့်ပတ်သက်၍ အမေရိကန်သံရုံး၌ တရားဝင် အခွန်ဆောင် မှာယူရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် အမေရိကန်ဒေါ်လာ ၃၂ဝဝ  နှင့်ညီမျှသော မြန်မာငွေကျပ် သိန်း ၄ဝ အား  ဒလသင်္ဘောဆိပ်၌ ပေးအပ်ခဲ့ပြီးနောက် အဆိုပါနိုင်ငံခြားသား နှစ်ဦးမှာ ပြန်လည်ဆက်သွယ်ခြင်း မရှိခဲ့သောကြောင့် အောက်တိုဘာ ၁၄ ရက်တွင် ဦးဇော်မိုးလွင် က အရေးယူပေးရန် တိုင်တန်းသဖြင့် ကင်မရွန်းနိုင်ငံသား Mr. Albert Ndifon ပါနှစ်ဦးအား ဒလမြို့မရဲစခန်းက (ပ)၈၅၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ/၄၈၉-ဃ ဖြင့် အရေးယူထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger