www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 10, 2018

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ စတုတ္ထ အကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်း အနား ကျင်းပ




နေပြည်တော်၊ အောက်တိုဘာ - ၉

ရေဆင်းဆည်၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများက ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်၍ စိုက်ပျိုးလျက်ရှိပြီး ယနေ့တွင် ၂၀၁၈ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား၍ ဦးဆောင် စိုက်ပျိုးပေးပြီး ကြည့်ရှု အားပေးသည်။
-


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း၊ရေ၊လေ) ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

-
ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာ၌ ယနေ့ ကျင်းပပြုလုပ်သည့် စတုတ္ထ အကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)နှင့် တိုင်းစစ်ဌာနချုပ် အားလုံးတွင် ယခုနှစ်အတွက် နောက်ဆုံးစိုက်ပျိုးသည့် သစ်ပင်စိုက်ပျိုးပွဲဖြစ်ကြောင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းသည် အရိပ်အာဝသ ရရှိရန်နှင့် ရာသီဥတုအားအထောက်အကူဖြစ်စေရန် စိုက်ပျိုးကြခြင်း ဖြစ်ကြောင်း၊ ယခုမိမိတို့စိုက်ပျိုး သည့်အပင်များသည် နောင်လာနောက်သားများအတွက် အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာတွင် အချိန်၊ လူအားနှင့်ငွေအားများ စိုက်ထုတ်ထားရသည်ဖြစ်သဖြင့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းစေရန်အတွက် စနစ်တကျစိုက်ပျိုး ကြရန်လိုကြောင်း၊ စုပေါင်းအားသည် ထုကို ရစေပြီး ခိုင်မာမှုကိုပိုမိုရရှိစေကြောင်း တပ်မတော် သားများနှင့် မိသားစုဝင်များ၊ ပြည်သူများ အားလုံး စုပေါင်းအားနှင့်ရှိနေပါက မည်သည့် အရာကိုမဆို ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ယခုကဲ့သို့ အားလုံး စုစည်း ညီညွတ်စွာဖြင့် သစ်ပင်များ အားစုပေါင်းစိုက်ပျိုးစေခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်သည့် မည်သည့် နေရာတွင်ဖြစ်စေ စုပေါင်းအားကိုအသုံးချစေလိုကြောင်း၊ ထို့အတူ နေထိုင်ရာပတ်ဝန်းကျင်ရှိ သစ်ပင်များ စနစ်တကျ ရှင်သန်ဖြစ်ထွန်းစေရန်လည်း ဆောင်ရွက်ကြစေလိုကြောင်းမှာကြားသည်။
-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်အား ဦးဆောင် စိုက်ပျိုး ပေးကြသည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များက သတ်မှတ်နေရာအသီးသီးတွင် ရတနာတန်းဝင် ကျွန်းပင်နှင့် မဟော်ဂနီပင်များ အားစိုက်ပျိုးကြ သည်။
-

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်း သစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၏ ၂၀၁၈ ခုနှစ်၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၂၁၉ ပင်နှင့် မဟော်ဂနီ ၃၅၈၁ ပင်စုစုပေါင်း ၄၈၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲများတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်စုစုပေါင်း ၁၃၇၀၆၃ ပင်အား စိုက်ပျိုး ခဲ့ပြီး ဖြစ်သည်။
-

ထို့အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အသီးသီးတွင်လည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ စတုတ္ထအကြိမ် ကျင်းပပြုလုပ်၍ အရာရှိ၊ စစ်သည်၊ မိသားစုများစုပေါင်း စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာ၌ နေပြည်တော်တိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၉၂၃၅ ပင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်စိုက်ပျိုးပင် ၁၀၅၇၀ ပင်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တွင်စိုက်ပျိုးပင် ၈၀၁၇ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၁၇၀၀ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၈၂၇၅ ပင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၆၀၆၁၄ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၄၂၆၂၈ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၉၈၇၂ ပင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၄၃၅၃ ပင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၆၂၆၀ ပင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၅၉၀၆ ပင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၃၉၄၀ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၃၄၅၃၄ပင်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ၂၃၉၈၂ ပင် စုစုပေါင်း ၂၈၉၈၈၆ ပင်အားစုပေါင်း စိုက်ပျိုး ခဲ့ကြသည်။

















တိုင်းစစ်ဌာနချုပ် အားလုံးအနေဖြင့် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရ လေကာပင် စုစုပေါင်း ၁၁၅၆၈၇၅၂ ပင်အား နိုင်ငံတစ်ဝှမ်း စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger