www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 29, 2018

ပုသိမ်ကြီးမြို့နယ်၊ ဖိုးလှကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပုသိမ်ကြီးမြို့နယ်၊ ဖိုးလှကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် အောက်တိုဘာ ၂၈
-
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဖိုးလှကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၁၆၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများနှင့်  ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည့်ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများဆောင် ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
-
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဖိုးလှကုန်းကျေးရွာ ရွာဦးကျောင်းတိုက်ဆရာတော် ဓမ္မာစရိယဘဒ္ဒန္တနိမ္မလ၊ ကျွန်းညောင်ပင်သာကျေးရွာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တခေမာနှင့် ဓမ္မကျကျေးရွာ ရွာဦးကျောင်းဆရာတော် ဓမ္မာစရိယ ဘဒ္ဒန္တဘဝဏ္ဏဝံသတို့အား သွားရောက် ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger