-
နေပြည်တော် အောက်တိုဘာ ၂၈
-
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ မိုင်ခွန်ကျေးရွာနေ ဦးလှထူးသည် အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါကျေးရွာ၏ အရှေ့ဘက် မီတာ ၃ဝဝ ခန့်အကွာရှိ၎င်း၏ စိုက်ခင်း၌ မြေတူးဆွရာမှ ဗုံးသီးဟောင်း အလျား ၉ ဒသမ ၅ လက်မ၊ လုံးပတ် ၈ လက်မ၊ ဒလက်ရှစ်ခုပါ ဗုံးသီးဟောင်း လေးလုံးအား တူးဖော်တွေ့ရှိ ခဲ့သည်။ အဆိုပါဗုံးသီးဟောင်းများအား တနိုင်းမြို့မ ရဲစခန်းမှတစ်ဆင့် နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။ (၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment