www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 29, 2018

တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် အောက်တိုဘာ ၂၈
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်နှစ်ပါးနှင့် ဒေသခံပြည်သူ ၂၉၈ ဦးတို့ကို သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများနှင့် ECG စက်ဖြင့်နှလုံး စမ်းသပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁၆ ဦးတို့အား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြောက်ရေကြည်မဟာစည် သာသနာ့ရိပ်သာ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကေလာသအား ဖူးမြော်ကာ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger