www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 18, 2018

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်


နေပြည်တော် ၁၈-၉-၂ဝ၁၈

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးတင့်နိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ ပြိုင်ပွဲဝင် အမျိုးသားအသင်းနှင့် အမျိုးသမီး အသင်းတို့၏ ပထမနေ့ပွဲစဉ်များ ဖြစ်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စခန်းရုံး အသင်းနှင့် အမ်းတပ်နယ်(ခ) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ 

အဆိုပါဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။ 

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger