www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 18, 2018

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်


နေပြည်တော် ၁၈-၉-၂ဝ၁၈

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး တက်ရောက် လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါပြေးခုန်ပစ် ပြိုင်ပွဲကို စက်တင်ဘာ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သတင်း ရရှိသည်။ 

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger