www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 18, 2018

တောင်ငူမြို့၊ (၃၆၅)ရက် နေ့စဉ်အရုဏ် ဆွမ်းလောင်းအသင်း၏ ၂ဝ၁၈ ခုနှစ်၊ သြဝါဒခံယူပွဲနှင့် ထူးချွန်စာအောင်ဆု ချီးမြှင့်ပူဇော်ပွဲ ကျင်းပပြုလုပ်



နေပြည်တော် ၁၈-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၃၆၅)ရက် နေ့စဉ်အရုဏ်ဆွမ်း လောင်းအသင်း၏ ၂ဝ၁၈ ခုနှစ်၊ သြဝါဒခံယူပွဲနှင့် ထူးချွန်စာအောင် ဆုချီးမြှင့်ပူဇော်ပွဲကို စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းတွင် သာသနာ့ဟိတကာရီ ဗိမာန်တော်၌ ပြုလုပ်ရာ ကြာနီကန် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တ ဝါစကပဏ္ဍတိ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကြာနီကန် ပရိယတ္တိ စာသင်တိုက် ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက ၂ဝ၁၈ ခုနှစ်၊ နိကာယ်ဘွဲ့ရ ငါးကျမ်းအောင် သံဃာတော် ၅၈ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ၁၂ ပါး၊ သုံးကျမ်းအောင် ဘွဲ့ရသံဃာတော် ရှစ်ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် လေးပါး၊ ဓမ္မာစရိယစာမေးပွဲ မြန်မာဂုဏ်ထူးအောင် သံဃာတော် တစ်ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် တစ်ပါး၊ ဓမ္မာစရိယ သုံးကျမ်းအောင် သံဃာတော်ငါးပါး၊ ဓမ္မာစရိယစာချတန်းနှင့် ပထမကြီး၊ ပထမလတ်၊ ပထမငယ်အောင်မြင်တော် မူသော သံဃာတော် ၂ဝ ပါးတို့ကို စာအောင်ဆုများ ဆက်ကပ် လှူဒါန်းကြသည်။ 

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကြာနီကန် ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger