www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 12, 2018

တောင်ငူမြို့ရှိ သံဃာတော်များနှင့် ရှင်သာမဏေများအား ပစ္စည်းလေးပါး ဆက်ကပ် လောင်းလှူ



နေပြည်တော် ၁၂-၉-၂ဝ၁၈
.
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သံဃာတော်များနှင့် ရှင်သာမဏေများအား ပစ္စည်း လေးပါး လောင်းလှူခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ သာသနာဟိတကာရီ ဗိမာန်တော်၌ ပြုလုပ်ရာ ထန်းတပင်မြို့၊ မဟာဝိသုတာရာမ ကျောင်းတိုက်ဆရာတော် မဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အာစိဏ္ဏ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် အလှူရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တက်ရောက်လာကြသူများက သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြပြီး အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကြာနီကန်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ 

ယင်းနောက် သံဃာတော် ၂၂ ပါးနှင့် ရှင်သာမဏေ ၉၅ဝ ပါးတို့ကို တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက ပစ္စည်းလေးပါးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger