www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 12, 2018

နမ့်စန်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ၊ နမ့်စန်တိန်းချောင်း သဘာဝရတနာ ပရဟိတ ကုသိုလ်ဘဏ်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၁၂-၉-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ ဆုံသည်။

တွေ့ဆုံရာတွင် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့ပြင် နမ့်စန်မြို့ရှိ နမ့်စန်တိန်းချောင်း သဘာဝရတနာပရဟိတ ကုသိုလ်ဘဏ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် သက်ကြီး ဘိုးဘွားများ စုစုပေါင်း ၂၈၇ ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က သွားရောဂါ၊ ငှက်ဖျားရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါပရဟိတ ကုသိုလ်ဘဏ်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger