www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 12, 2018

ဖဲမြို့နယ်၊ စစ်တောကျေးရွာ အနီးရှိ မန်းချောင်းရေစပ်၌ ဗုံးသီးဟောင်း ၁၂ လုံး တူးဖော် တွေ့ရှိ



နေပြည်တော် ၁၂-၉-၂ဝ၁၈

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပန်းထိန်းကျေးရွာအုပ်စု၊ စစ်တောကျေးရွာမှ ဒေသခံများသည် စစ်တောကျေးရွာ အနီးရှိ မန်းချောင်းရေအား ပိတ်၍ သောက်သုံးရေ ရရှိရန် လက်လုပ်ဆည် ပြုလုပ်တူးဖော်စဉ် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် မန်းချောင်းအစပ်၌ ဗုံးသီးဟောင်းများ တွေ့ရှိကြောင်း အကြောင်းကြားသဖြင့် နယ်မြေခံတပ်မှ တပ်မတော်သားများက သွားရောက်စစ်ဆေး ရာ အလျား ၁၅ လက်မ၊ လုံးပတ် ၁၂ လက်မရှိ ဗုံးသီးဟောင်း နှစ်လုံး၊ အလျား ၁၁ လက်မ၊ လုံးပတ် ၉ လက်မရှိ ဗုံးသီးဟောင်း လေးလုံး၊ အလျား ၁၉ လက်မ၊ လုံးပတ် ၁၁ ဒသမ ၅ လက်မရှိ ဗုံးသီးဟောင်း နှစ်လုံး၊ အလျား၁၇ လက်မ၊ လုံးပတ် ၁၃ လက်မရှိ ဗုံးသီးဟောင်း တစ်လုံးနှင့် အလျား ၂ဝ လက်မ၊ လုံးပတ် ၁၈ လက်မရှိ ဗုံးသီးဟောင်း သုံး လုံး၊ စုစုပေါင်းဗုံးသီးဟောင်း ၁၂ လုံးတို့ကို တွေ့ရှိခဲ့သည်။ 

အဆိုပါ ဗုံးသီးဟောင်းများအား နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger