www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 12, 2018

ငါးသယံဇာတများ ပျောက်ကွယ်ပြုန်းတီးမှု မရှိစေရန်နှင့် ငါးမျိုးများ ထိန်းသိမ်းနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ငါးမျိုး စိုက်ထည့်ခြင်းများ ပြုလုပ်





နေပြည်တော် ၁၂-၉-၂ဝ၁၈

မြန်မာနိုင်ငံရှိ ဒေသအသီးသီး၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေး၊ ဆည်မြောင်း၊ ကန်၊ချောင်းများနှင့် တာတမံများရှိ ငါးသယံဇာတများ ပျောက်ကွယ်ပြုန်းတီးမှု မရှိစေရန်နှင့် ငါးမျိုးများ ထိန်းသိမ်းနိုင်ရန်အတွက် စက်တင်ဘာ ၁ဝ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ငါးမျိုးစိုက်ထည့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ 

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်က နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက်ဆည်၌ လည်းကောင်း၊ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းစစ်ဌာနချုပ်၊ မလိခရိပ်သာအနီးရှိ ဧရာဝတီမြစ်၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က လားရှိုးမြို့ရှိ ဟူးမွန်ဆည်၌ လည်းကောင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ခိုလမ်မြို့ရှိ နမ့်မောင်းချောင်း၌ လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်က ကျိုင်းတုံမြို့၊ ကျိုင်းဖောင်း ကျေးရွာအနီးရှိ ကျိုင်းဖောင်းချောင်း၌လည်း ကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က မော်လမြိုင်မြို့၊ ရွှေနတ်တောင် ဆည်၌လည်း ကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မိုးကောင်းချောင်းလျှိုပိတ်ဆည်၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က တောင်ဥက္ကလာပ မြို့နယ်ရှိ ငမိုးရိပ်ချောင်း၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဖျာပုံ မြို့၊ ပြည်လုံးချမ်းသာ သာစည်ဘုရားအနီးရှိ ဖျာပုံမြစ်ကမ်းနား၌ လည်းကောင်း၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ကုလားပန်ဇင်းချောင်း၌လည်း ကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က မုံရွာမြို့ရှိ စေတီဆိပ်ကမ်း၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က မန္တလေး၊ နန်းမြို့ရှိ တောင်ဘက်မုခ်ဦး မင်္ဂလာတံတား အနီး ကျုံးရေပြင်၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ငူမြို့ရှိ ကန်တော် ကြီး၌ လည်းကောင်း ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း၊ တီလားဗီးယား စသည့် ငါးသားပေါက် မျိုးစုံအကောင်ရေ ၁၃၃၇ဝဝ ကောင် စိုက်ထည့်ခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger