www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 18, 2018

ရုံးထုတ်ရာတွင် အသုံးပြုသောယာဉ်သည် သက်သေခံပစ္စည်းအဖြစ် တရားရုံးသို့တင်ပြရန် ယူဆောင်လာသော လိုင်စင်မဲ့ယာဉ်ဟုဆို



မန္တလေး ၁၈-၉-၂၀၁၈

ကျောက်ဆည်ခရိုင် တရားရုံးတွင် စက်မှုလက်မှု သိပ္ပံကျောင်းသား အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ချုပ်ရက်ရမန်ယူရန် ရုံးထုတ်ရာတွင် အသုံးပြုခဲ့သောယာဉ် TOYOTA MARK II ယာဉ်သည် တရားရုံးသို့ သက်သေခံ ပစ္စည်းအဖြစ်တင်ပြရန် ယူဆောင်လာသော လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း Mandalay Police Page တွင် ထုတ်ပြန်ထားသည်။

အဆိုပါယာဉ်သည် သြဂုတ် ၃ဝ ရက်က ကျောက်ဆည်မြို့ အမှတ် (၃၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် ပူးပေါင်းအဖွဲ့ဖြင့် အမှတ် (၈၁) စက်မှုလယ်ယာ အနီးတွင် စည်းကမ်းပျက် ယာဉ်များကိုစစ်ဆေး ဆောင်ရွက်စဉ် ယင်းလိုင်စင်မဲ့ယာဉ်ကို မောင်းနှင်လာသော ဦးသန့်ဇင်ဦးကို စစ်ဆေးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်။ ထို့ကြောင့် လိုက်လံဖမ်းဆီးရာ ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက် ရွှေသာလျောင်း တောင်တက်လမ်း အနီး၌ ဖမ်းဆီးရမိ၍စစ်ဆေးရာ လိုင်စင်မဲ့ ယာဉ်ဖြစ်သဖြင့် ကျောက်ဆည် မြို့မရဲစခန်း က(ပ) ၇၃၂/၂ဝ၁၈၊ ပို့/သွင်းပုဒ်မ၈ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

ယင်းသို့ အရေးယူထားပြီး သြဂုတ် ၁၃ ရက်တွင် ကျောက်ဆည်မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ရာတွင် အဆိုပါယာဉ်ကို တရားရုံးသို့ သက်သေခံပစ္စည်း အဖြစ်တင်ပြရန် တရားရုံးသို့ ယူဆောင်လာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger