www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2018 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Alabino လေ့ကျင့်ရေးကွင်းတွင်ကျင်းပပြုလုပ်သည့် International Army Games-2018 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်စဉ်။


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu အား ကြိုဆိုနှုတ်ဆက်စဉ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu က မြန်မာနိုင်ငံဆိုင်ရာပြခန်းအား လေ့လာကြည့်ရှုစဉ်။

မော်စကိုမြို့ရှိ နျူကလီးယားဗုံးဒဏ်ခံနိုင်အောင်တည်ဆောက်ထားသည့် Bunker 42 သို့ သွားရောက်လေ့လာသူများကို တွေ့ရစဉ်။

နေပြည်တော် ၁၃-၈-၂ဝ၁၈

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၁ ရက် ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Alabino လေ့ကျင့်ရေးကွင်းတွင် ကျင်းပပြုလုပ်သည့် International Army Games-2018ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Amry General Sergei Shoigu နှင့် အဖွဲ့ဝင်များ ရောက်ရှိလာကြရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အခမ်းအနားတက်ရောက်လာကြသည့် နိုင်ငံတကာ တပ်မတော်မှ အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြပြီး House of Friendship ပြခန်းများအား လေ့လာကြည့်ရှုခဲ့ကြရာ မြန်မာနိုင်ငံဆိုင်ရာပြခန်းနှင့် ပတ်သက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးအား အကြမ်းဖျဉ်းရှင်းလင်းတင်ပြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ တင့်ကားမောင်းနှင် ပစ်ခတ်ခြင်း ပြိုင်ပွဲ Tank Biathlon နောက်ဆုံးပွဲစဉ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ဘီလာရုစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ မျိုးချစ်ပန်းခြံ Patriot Park သို့ရောက်ရှိကြပြီး Kalashnikov နှင့်ပတ်သက်သည့် ပြပွဲအား လေ့လာကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သောမြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် International Army Games-2018 ပိတ်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ရုရှားကာကွယ်ရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Amry General Sergei Shoigu က ပြိုင်ပွဲဝင်နိုင်ငံများအနေဖြင့် ယခုကဲ့သို့ လာရောက်ယှဉ်ပြိုင်ခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ နောက်နှစ်များတွင်လည်း ပါဝင်ယှဉ်ပြိုင်ကြဖို့အတွက် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် အဆွေတော်တို့အနေဖြင့် ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ရုရှားနိုင်ငံမှ တပ်ဖွဲ့ဝင်များအနေဖြင့် ယခုပြိုင်ပွဲတွင် စံချိန်သစ်တင်ပြီး အနိုင်ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နွေးထွေးစွာ ကြိုဆိုဆက်ဆံမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ကြီးမားသည့် ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြင့် တက်ရောက် လာကြသည့် နိုင်ငံအသီးသီးမှ တပ်မတော်များအကြား နွေးထွေးသည့်ချစ်ကြည်ရင်းနှီးမှုကို ရရှိစေမည်ဖြစ်ပါကြောင်း၊ နောက်နှစ်များတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ဆက်လက် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်တက်ရောက်လာကြသောနိုင်ငံအလိုက် တပ်မတော်အရာရှိကြီးများသည် ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ကြသည်။

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့ တပ်မတော်မှ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး တင့်တပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင် ၂၂ နိုင်ငံအနက် နိုင်ငံအလိုက်အဆင့် ၁၆ နေရာတွင်လည်းကောင်း၊ ဆေးတပ်ဖွဲ့ အနေဖြင့် ပြိုင်ပွဲဝင် ၉ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းအနက် နိုင်ငံအလိုက်အဆင့် ၆ နေရာတွင်လည်းကောင်း၊ လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင် ၁၈ နိုင်ငံအနက် နိုင်ငံအလိုက် အဆင့် ၁၁ နေရာတွင်လည်းကောင်း အသီးသီးရပ်တည် နိုင်ခဲ့သည်။

ထို့ပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၀ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ မြေအောက် ၆၅ မီတာတွင်ရှိပြီး နျူကလီးယား ဗုံးဒဏ်ခံနိုင်အောင်တည်ဆောက်ထားသည့်
Bunker 42 သို့သွားရောက်လေ့လာခဲ့ကြ ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger