www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

မိုးရွာသွန်းမှုများ၍ ကားလမ်းများ ဗွက်ထကာ ယာဉ်သွားလာမှုခက်ခဲ၍ ယာဉ်ကြောပိတ်ခြင်းများ မကြာခဏဖြစ်



ဘားအံ ၁၃-၈-၂ဝ၁၈

ဘားအံ-မြဝတီကားလမ်း မိုးရွာသွန်းမှုကြောင့် ကားလမ်းများ ဗွက်ထကာ ယာဉ်သွားလာမှု ခက်ခဲသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ် ဝဲကရင်ကျေးရွာအုပ်စု နောင်သရမ်းလမ်းဂွ ဝဲကရင်ကျေးရွာနှင့် ဒူရိန်ကျေးရွာကြား ဘားအံ-မြဝတီကားလမ်းပေါ်တွင် သြဂုတ် ၁ဝရက် မွန်းတည့် ၁၂နာရီခန့်က တွဲယာဉ်တစ်စီး လမ်းချော်ကာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ခြင်းကြောင့် မွန်းလွဲ ၂နာရီမှ ဖြတ်သန်း၍ ရရှိခဲ့ကြောင်း၊ ယင်းည ၁၁နရီမိနစ် ၃ဝက လမ်းချော်မှုကြောင့် ယာဉ်လမ်းကြော ပြန်ပိတ်ခဲ့ပြီး သြဂုတ်၁၁ရက် နံနက် ၅နာရီ၌ လမ်းပြန်ပွင့်ခဲ့သော်လည်း ယာဉ်သွားလာမှုခက်ခဲ သည့်အတွက်ယာဉ် ကြောပိတ်ခြင်းများ မကြာခဏ ဖြစ်ပွားခဲ့၍  ကုမ္ပဏီနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ရှင်းလင်းနိုင်သဖြင့် မိနစ်ပိုင်းခန့်သာ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"လမ်းဖောက်တာက ရာသီဥတု အခြေအနေအပေါ် ကြိုတင်သုံးသပ်မှုမရှိဘဲ လမ်းဟောင်းက မြေတွေတူးခွာပြီး မြေသစ်တွေဖို့တော့ ခုလိုမိုးများတော့ ကားကြီးသမားတွေ အခက်အခဲဖြစ်ကုန်ပါတယ်။ ပြီးနိုင်တဲ့အနေအထားလောက်ပဲ ချိန်ဆလုပ်ရင် ဒီလောက် အခက်အခဲဖြစ်မှာ မဟုတ်ပါဘူး" ဟု ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

လမ်းပိတ်ဆို့မှု ဖြစ်ပွားရခြင်းမှာ ယခင်လမ်းဟောင်းကို CRBC ကုမ္ပဏီက မြေတူးခွာထုတ်ပြီး မြေနီများဖြင့် ကြိတ်ခင်းထားရာ မိုးအဆက်မပြတ်ရွာသွန်းပြီး ယာဉ်သွားလာမှုများ သည့်အတွက် လမ်းခင်းထားသည့် မြေနီများမှာ ဗွက်ထ၍ ယာဉ်ကြီးများ လမ်းချော်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အလားတူ ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှာလည်း သြဂုတ်၁၁ရက် မွန်းလွဲ ၂နာရီက ချဉ်းကပ်လမ်းအတက် ပြန်လည်ပြုပြင်ခြင်း များဆောင်ရွက်ခဲ့သဖြင့် ယာဉ်သွားလာမှု ခေတ္တရပ်ဆိုင်းထားကာ ညနေ ၃နာရီ မိနစ် ၃ဝမှသာ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger