www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် ဆင်များဘူဖေးကျွေးခြင်းကို မြန်မာနိုင်ငံရှိ ဆင်စခန်း ၁၉ ခုလုံးတွင် ပြုလုပ်



ကညွတ်ကွင်း

ကမ္ဘာ့ဆင်များနေ့ (World Elephant Day) အထိမ်းအမှတ်အဖြစ် ဆင်များ ဘူဖေးကျွေးခြင်းကို မြန်မာနိုင်ငံရှိ ဆင်စခန်း ၁၉ခု တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အမြန်လမ်း ၁ဝ၅မိုင် လေးဖာလုံတွင်ရှိသော မှော်ယောကြီးဆင်စခန်း၌ ယနေ့နံနက် ၁ဝ နာရီတွင် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားအဖြစ် ဆင်များကို ဘူဖေးကျွေးခဲ့ကြကြောင်း သိရသည်။

"ခရီးသွားပြည်သူလူထုနဲ့ ဆင်တွေ ပိုပြီးရင်းနှီးချစ်ကြည် ပြီးတော့မှ ခရီးသွားတိုးလာဖို့ ရည်ရွယ်သလို တစ်ဖက်တစ်လမ်းကလဲ ဌာနဝင်ငွေကို ရရှိပါတယ်။ သစ်ထုတ်တာ ရပ်နားပြီးကတည်းက ဆင်စခန်းနဲ့ ခရီးသွားလုပ်ငန်းကို အရှိန်ဟုန်မြှင့် လုပ်ဆောင်ပါတယ်။ ဆင်တွေစားတဲ့ ဖရဲသီး၊ ကြံ၊ ရွှေဖရုံသီး၊ ငှက်ပျောသီး၊ ငှက်ပျောပင်တွေကို ဆင်တွေအား ဂုဏ်ပြုတဲ့အနေနဲ့ ကျွေးမွေးတာပါ။ နှစ်စဉ်မပြတ် ကျွေးမွေးသွားမှာပါ"ဟု မှော်ယောကြီးဆင် စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးကျော်ကျော်ထွန်းက ပြောပြသည်။

အဆိုပါ အထိမ်းအမှတ်နေ့ ဆင်များ ဘူဖေးကျွေးခြင်းကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၁၂ရက်က ရန်ကုန်မန္တလေး အမြန်လမ်း ၁ဝ၅မိုင်အနီးရှိ မှော်ယောကြီးဆင်စခန်းတွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဆင်သမားတွေနေတဲ့ ကျေးရွာလေးကို အခြေပြုပြီးတော့ ခရီးသွားလုပ်ငန်းအတွက် တည်ထောင်ထားတာပါ။ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားမှာ ဆင်တွေကို ဘူဖေးကျွေးရင်း ဒီစခန်းမှာ စတာပါ။ ဆင်တွေကျွေးတာကို သဘောကျရင်း အီကို တိုရီဇင်လုပ်ငန်းဆိုပြီး လုပ်တာအရင်တုန်းက တောထဲကသစ်တွေကို ခုတ်ပြီး သယံဇာတအပေါ်မှာ မှီခိုနေတဲ့ နိုင်ငံပိုင်စီးပွားရေး တစ်ခုကို အခုတော့အလုပ်ကိုင် အပြောင်းအလဲအနေနဲ့ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ"ဟု မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးအင်အား ဌာနစိတ် (ရုံးချုပ်) မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပြသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ငန်းများ၌ အသုံးပြုနေသည့် ဆင်များသည် သစ်လုပ်ငန်းစတင် ရပ်နားလိုက်သည့်အချိန်တွင် အလုပ်မရှိတော့သဖြင့် ဆင်စခန်းများကို ၂ဝ၁၆ခုနှစ်မှ စတင်အကောင်အထည် ဖော်၍ ခရီးသွားလုပ်ငန်းများ ပြုလုပ်ကာ နိုင်ငံအတွက် ဝင်ငွေရှာပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger