www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 8, 2018

မကွေးတိုင်းဒေသကြီးအတွင်း လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှစ၍ မြို့ဝင်ကြေးဘီးခွန်ကောက်ခံမှုများ ဖျက်သိမ်းမည်



မကွေး ၈-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း လာမည့်၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်မှ စတင်၍ မြို့ဝင်ကြေး မော်တော်ယာဉ်ဘီးခွန် ကောက်ခံနေမှုများကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းထံမှ သိရသည်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့များက တင်ဒါလေလံကိုရယူကာ စည်ပင်ဘီးခွန် မြို့ဝင်ကြေး ကောက်ခံနေမှုကို ၂ဝ၁၈ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြာပြသည်။

"မြို့ဝင်ကြေး ဘီးခွန်ကောက်ခံ နေတာတွေ ဖျက်သိမ်းတော့မှာ သိရတဲ့အတွက် ကျွန်တော်တို့ ကားသမားတွေ သိပ်ဝမ်းသာမိပါတယ်။ ကားလိုင်းထွက်ပြီဆို လမ်းကြေး၊ တံတားကြေးနဲ့ မြို့ဝင်ကြေးတွေ ပေးဆောင်ရတယ်။ မြို့ဝင်ကြေး ဖျက်သိမ်းပေးတာ ကျွန်တော်တို့ ယာဉ်လိုင်းတွေအတွက် အဆင်ပြေတာပေါ့။ အခုလို ဖျက်သိမ်းလိုက်တဲ့ အတွက်လဲ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကျေးဇူးအထူးတင်ရှိပါတယ်"ဟု မင်းဘူး-ဆင်ဖြူကျွန်းလိုင်းပြေးဆွဲနေသော ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

အဆိုပါ မြို့ဝင်ဘီးခွန်များ ဖျက်သိမ်းရန်ကိစ္စကို ၂ဝ၁၈ခုနှစ်ဇူလိုင် ၃၁ရက်တွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်း အမှတ်စဉ်(၃ဝ/၂ဝ၁၈) ဆုံးဖြတ်ချက် အပိုဒ် ၆ဝအရ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့ဝင်ဘီးခွန် ကောက်ခံမှုများကို လာမည့်၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာ နှစ်မှစတင်၍ ဖျက်သိမ်းသွားရန် မြို့နယ်စည်ပင် သာယာရေး အဖွဲ့များထံ အကြောင်းကြားထား ပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger